Friday, February 16, 2024

“ရသေ့တောင်မှာ တိုက်ပွဲပြင်းထန်၊ ရှားတောမြို့ သိမ်းတိုက်ပွဲ စစ်ကောင်စီအကျ...


“ရသေ့တောင်မှာ တိုက်ပွဲပြင်းထန်၊ ရှားတောမြို့ သိမ်းတိုက်ပွဲ စစ်ကောင်စီအကျအဆုံးများ... နောက်ဆုံးရ တိုက်ပွဲသတင်းများ... (၁၆- ၂- ၂၀၂၄) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း၊ အငူမော်-မောင်တောလမ်းပေါ်ရှိ စစ်ကောင်စီရဲ့ “ဗောဓိကုန်းစခန်း” ကို ဖေဖေါ်ဝါရီ ၁၅ ရက်၊ မနက်(၆) နာရီခန့်မှာ AA ရက္ခိုင့်တပ်တော်က စတင် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ၁၀၂၇ စစ်ဆင်ရေး (၁၁၂) ရက်မြောက်နေ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။ ဒီစခန်းမကျစေရေးအတွက် စစ်ကောင်စီဖက်ကတော့ ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး အပြင်းအထန်ခုခံနေတယ်လို့ဆိုပါတယ်။ ရသေ့တောင်မြို့နယ်အတွင်းမှာလည်း AA နဲ့ စစ်ကောင်စီတပ်တို့ ဖေဖေါ်ဝါရီ ၁၅ မှာ စတင် တိုက်ပွဲဖြစ်နေပြီး ကြည်း၊ ရေ၊ လေ ပူးပေါင်းကာ ခုခံစစ်ဖြင့် အသည်းအသန်ခုခံကာကွယ်နေတယ်လို့ AA က ပြောပါတယ်။ ဒါ့အပြင် ရမ်းဗြဲမြို့ကိုလည်း လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးတွေနဲ့ နေ့စဉ်အဆက်မပြတ်ပစ်ခတ်နေတယ်လို့ ၁၀၂၇ စစ်ဆင်ရေး (၁၁၂) ရက်မြောက်နေ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။ ညနေပိုင်းမှာ AA က သီးခြားထုတ်ပြန်တဲ့ ကြေညာချက်တခုမှာတော့ အရင်က ကြေညာထားတဲ့ ပလက်ဝ၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး (၅)မြို့အပြင် မြေပုံမြို့ ကိုပါ သိမ်းထားပြီးဖြစ်တယ်လို့ ဖေါ်ပြထားတာတွေရပါတယ်။ ဒါ့အပြင်... - ရှားတောမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၆၀)ကျော်ကို ချေမှုန်းနိုင်ခဲ့ပြီး လက်နက်ငယ် (၁၂၈)လက်၊ လက်နက်ကြီးအစုံ(၁၈)လက်နဲ့ခဲယမ်းများစွာ သိမ်းမိတယ်လို့ KNDF က သတင်းထုတ်ပြန်... - ကရင်ပြည်နယ်၊ မူတြော်ခရိုင်၊ KNLA တပ်မဟာ (၅)ဒေသတွင်းရှိ စစ်ကာင်စီတပ်စခန်း(၂)ခု စခန်းစွန့်ခွာထွက်ပြေးသွား... - စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ်းမလင်းဒေသရှိ PDF ခန္တီးခရိုင်၊ အမှတ် (၃)တပ်ရင်း၊ တပ်ခွဲ (၃) လှုပ်ရှားတပ်ဖွဲ့ကို လက်နက်တပ်ဆင်... --- စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။ (သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More