Tuesday, February 13, 2024

“ရှားတောမြို့ကို ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်၊ မင်းပြားမြို့က စစ်သဘောင်...


“ရှားတောမြို့ကို ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်၊ မင်းပြားမြို့က စစ်သဘောင်္တစီးကို AA က ထပ်မံသိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁၄- ၂- ၂၀၂၄)

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ သက်ပုန်းရွာအနီး ရေကြောင်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ စစ်သင်္ဘော နောက်ထပ် (၁) စီးကို ဖေဖေါ်ဝါရီ ၁၃ မှာ ထပ်မံတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ AA  ရခိုင်တပ်တော်က သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ (၁၂) ရက်နေ့ကလည်း မင်းပြားမြို့နယ်၊ ပုလဲပေါက် ကျေးရွာအနီး ရေကြောင်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ စစ်သင်္ဘော (၁) စီးကို AA က ပစ်မြှုပ်ခဲ့ပြီးဖြစ်ပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ (၇/၈) ရက်နေ့တွေကလည်း ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအနီး စစ်သင်္ဘော (၂) စီး၊ ဇက်သင်္ဘော (၁) စီးတို့ ချေမှုန်းခဲ့ပြီးဖြစ်တဲ့တွက် သီတင်းတပတ်အတွင်း စစ်သဘောၤ ၅ စီးကို AA က ဖျက်ဆီး သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ပါတယ်။

စစ်ကောင်စီဖက်ကတော့ ရမ်းဗြဲ၊ ကျောက်ဖြူ၊ ပေါက်တော၊ ဘူးသီးတောင်မြို့နယ်က ကျေးရွာတွေကို လေကြောင်း၊ ရေကြောင်းကနေ လက်နက်ကြီးတွေ၊ ဗုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ၁၀၂၇ စစ်ဆင်ရေး (၁၁၀) ရက်မြောက်နေ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ကျောက်တောမြို့အတွင်းရှိ စစ်ကောင်စီရဲ့ တပ်မဌာနချုပ်၊ တပ်ရင်းစခန်းတွေအားလုံးကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေရှေ့မှာ တွေ့ရသော ရက္ခိုင့်တပ်တော် စစ်သည်တော်များ... ဓာတ်ပုံမှတ်တမ်းကို AA ထုတ်ပြန်...

- ကရင်နီပြည် ရှားတောမြို့ကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက အပြီးသိမ်းလိုက်ပြီလို့ ကရင်နီ ပြည့်သူ့လွတ်မြောက်ရေးတပ်မတော် Karenni People's Liberation Army - KPLA - B 9425 က သတင်းထုတ်ပြန်...

- ဆီဆိုင်မြို့နယ်မြောက်ပိုင်းမှာ စစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးပေါင်းတပ်တွေနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဖက်က ၈ ဦးသေ၊ သေနတ် ၂ လက်နဲ့ ကား ၁ စီးရ...

- ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ပေါ်လံကြီးရွာ အထိုင်ချတပ်စခန်းနဲ့ မင်းလှဆည်ပေါ်ရှိ တာဝါတိုင်စခန်းတို့ကို ဒေသခံ PDF တွေက ဝင်ရောက်တိုက်ခိုက်...

- တော်လှန်ရေးတပ်သားသစ်တွေ လက်ခံမယ်လို့ကြေညာပြီး ၁၂ နာရီအတွင်း လျှောက်လွှာတင်တဲ့လူငယ်ဦးရေ ၁၀၀၀ ကျော်အထိရှိလာတယ်လို့ PDF ရန်ကုန်တိုင်းစစ်ဌာနက သတင်းထုတ်ပြန်...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More