Monday, February 19, 2024

“ရသေ့တောင်မှာ တိုက်ပွဲပြင်းထန်၊ မအီတံတားကို စစ်ကောင်စီ ဖောက်ခွဲ... နောက်...


“ရသေ့တောင်မှာ တိုက်ပွဲပြင်းထန်၊ မအီတံတားကို စစ်ကောင်စီ ဖောက်ခွဲ... နောက်ဆုံးရ တိုက်ပွဲသတင်းများ” (၁၈- ၂- ၂၀၂၄) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့မြောက်ဘက်၊ ခနောင်းကြီးကျေးရွာအနီးမှာ ခမရ (၅၃၆) တပ်ရင်းနှင့် ရက္ခိုင့်တပ်တော်တို့ ဖေဖော်ဝါရီလ (၁၇) ရက် ညနေ (၆) နာရီဝန်းကျင်က တိုက်ပွဲဖြစ်ပြီး ထိခိုက်ကျဆုံးမှူစာရင်း မသိရသေးဘူးလို့ ၁၀၂၇ စစ်ဆင်ရေး (၁၁၄) ရက်မြောက်နေ့ကြေညာချက်မှာ ဖေါ်ပြပါတယ်။ တချိန်တည်းမှာပဲ ရမ်းဗြဲမြို့ကိုလည်း စစ်ကောင်စီက တနေကုန်နီးပါး Mi-35 စစ်ရဟတ်ယာဉ်ကနေ စက်သေနတ်နဲ့ပစ်ခတ်တာ၊ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတာ၊ ကလိန်တောင်မြစ်ထဲရှိ စစ်သဘောင်္ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် လူနေအိမ် (၆၀) ကျော် မီးလောင်ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာဖေါ်ပြပါတယ်။ ဒါ့အပြင် တောင်ကုတ်မြို့နယ်၊ မအီမြို့အနီးရှိ “ မအီတံတား” ကို ဖေဖေါ်ဝါရီ ၁၆ ရက် ည ၉ နာရီခွဲခန့်မှာ စစ်ကောင်စီက ဖောက်ခွဲဖျက်ဆီးခဲ့ပြီး မအီ-ကျောက်ဖြူကားလမ်းမ ထက်နားရှိ “ကျောက်ကြီးပေါက်တံတား” ကိုတော့ ဖေဖော်ဝါရီလ (၁၇) ရက်၊ မနက်စောစော ၃ နာရီခန့်မှာ စစ်ကောင်စီက ဖောက်ခွဲခဲ့တယ်လို့ AA က ပြောပါတယ်။ “မအီတံတား” မိုင်းပေါက်ကွဲမှုပြင်းအားကြောင့် မအီမြို့အထက်တန်းကျောင်း အပါအဝင် လူနေအိမ်အချို့မှာလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် စစ်တွေ-ရန်ကုန်ကားလမ်းမပေါ် အမြင့်ကျွန်းကျေးရွာနားက မင်းချောင်း (ခေါ်) အမြင့်ကျွန်းတံတားကိုလည်း စစ်ကောင်စီက ဖေဖေါ်ဝါရီ ၁၂ ရက်နေ့မှာ ဖောက်ခွဲဖျက်ဆီးခဲ့တဲ့အတွက် ဒေသခံပြည်သူတွေတွေ သွားလာရေးအခက်ဖြစ်နေတယ်လို့ AA က ပြောပါတယ်။ ဒါ့အပြင်... - ကချင်ပြည်၊ မံစီမြို့နယ်ရှိ "စီခမ်းကြီးစခန်း" ကို KIA (ကချင်လွတ်လပ်ရေးတပ်မတော်) နဲ့ AA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေ... - ဆီဆိုင်မြို့ မြောက်ဖက်တနေရာမှာ စစ်ကောင်စီ လက်အောက်ခံ ပြည်သူစစ်တဦးကို ၆၀ မမ တလက်နဲ့အတူ ဖမ်းဆီးရမိ... - ကရင်နီပြည်၊ ရှားတောမြို့နယ်မှာတော့ သံလွင်မြစ်အရှေ့ဖက်ကမ်းရှိ စစ်ကောင်စီ တပ်စခန်း (၂)ခု ဆုတ်ခွာ ထွက်ပြေးသွားတယ်လို့ KNDF က သတင်းထုတ်ပြန်... - ထားဝယ်ခရိုင်၊ သရက်ချောင်းမြိုနယ်ရှိ ခလရ(၂၈၀)နှင့်ပျုစောထီးပူးပေါင်းတပ်စခန်းကို တော်လှန်ရေးတပ်တွက ဒရုန်းနဲ့ ဗုံးချတဲ့အတွက် စစ်ကောင်စီတပ်ဖက်က ၃ ဦးသေဆုံး... ...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။ (သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More