Tuesday, February 27, 2024

“မင်းပြားမြို့၊က စစ်သင်တန်းကျောင်းကို AA သိမ်းပိုက်... ဖားကန့်မြို့နယ်က ...


“မင်းပြားမြို့၊က စစ်သင်တန်းကျောင်းကို AA သိမ်းပိုက်... ဖားကန့်မြို့နယ်က တာမခန်စခန်းကို KIA သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၂၈- ၂- ၂၀၂၄)

ရက္ခိုင်ပြည်နယ်၊ မင်းပြားမြို့၊ ကမ်းနီရွာ အနီးရှိ “အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း” ကို AA  ရက္ခိုင့်တပ်တော်က ဖေဖော်ဝါရီလ (၂၆) ရက်၊ ညနေ (၇) နာရီမှာ အလုံးစုံ သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ AA က သတင်းထုတ်ပြန်ပါတယ်။

ဖေဖေါ်ဝါရီ ၁၇ ရက်မှာ ထိုးစစ် စတင်င်ခဲ့ပြီး စစ်ကောင်စီဖက်ကနေ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေနဲ့အသေအလဲခုခံနေတာကြောင့် (၁၀)ရက်အကြာမှာမှ သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီအလောင်းတွေ၊ လက်နက်ခဲယမ်းတွ များစွာ သိမ်းမိထားတယ်လို့လည်း AA က ပြောပါတယ်။

ဖေဖော်ဝါရီလ (၂၇) ရက်နေ့၊ မနက်စောစော (၁) နာရီ (၄၅) မိနစ်မှာတော့ စစ်ကောင်စီ ဂျက်လေယာဉ်တစီးက မင်းပြားမြို့နယ်ရှိ မင်းဖူးဆေးရုံကို လာရောက်ဗုံးကြဲခဲ့တယ်။ ဆေးဝါးကုသမှုခံယူနေတဲ့ အရပ်သားနဲ့ ဆေးရုံဝန်ထမ်းအတော်များများ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကြေညာချက်ကဆိုပါတယ်။

တချိန်တည်းမှာပဲ အရင်နေ့တွေကတည်းက ထိုးစစ်ဆင်နေတဲ့ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တောမြို့ရှိ စစ်ကောင်စီစခန်းတွေကိုလည်း ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

နေ့လည်ပိုင်းက သီးခြားထုတ်ပြန်တဲ့ ကြေညာချက်တခုမှာတော့ ပုဏ္ဏားကျွန်းမြို့၊ မြို့မရဲစခန်းကို AA က သိမ်းပိုက်စဉ် AA ထံအလင်းဝင်ခဲ့တဲ့ ရဲအုပ် ကျော်စိုးအောင်ရဲ့ ပြောကြားချက်နဲ့ ရဲတပ်သား ၂၀ ကျော်ရဲ့ မှတ်တမ်း ဗီဒီယိုကိုလည်း တွေ့ခဲ့ရပါတယ်။

ဒါ့အပြင်...

- ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာမခန်ကျေးရွာ နန့်ရေတောင်ကုန်းမှာရှိတဲ့ ခမရ (၁၁၉) စစ်ကောင်စီတပ်စခန်းကို KIA၊ KPDF ပူးပေါင်းတပ်တွေက သိမ်းပိုက်...

- စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရဲစခန်းဆီ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ပေါင်းစုက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် စစ်သား ၃၄ ဦး သေဆုံးပြီး လက်နက်ငယ် ၅ လက်နဲ့ ခဲယမ်းတွေ သိမ်းမိ...

- စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သီလုံးရွာ ပျူစောထီး စခန်းကနေ ကင်းလှည့် ထွက်လာတဲ့ ပျုစောထီးတွေကို တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်တဲ့အတွက် လက်နက်ငယ် (၃) လက်နဲ့ ခဲယမ်းတွေ သိမ်းမိ...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More