Friday, February 2, 2024

“မြောက်ဦးက သိမ်းမိလက်နက်တွေ AA ထုတ်ပြ၊ မန်စီနဲ့ ဖားကန့်မှာ KIA က စခန်းထပ...


“မြောက်ဦးက သိမ်းမိလက်နက်တွေ AA ထုတ်ပြ၊ မန်စီနဲ့ ဖားကန့်မှာ KIA က စခန်းထပ်သိမ်း... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၃- ၂- ၂၀၂၄)

စစ်ကောင်စီ “စကခ (၉)” လက်အောက်ခံ တပ်ရင်း (၁၀) ရင်းအခြေစိုက်တဲ့ မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်ထဲက လက်ကျန်စခန်းတွေကို အပြီးသိမ်းနိုင်ရေး ရက္ခိုင့်တပ်တော် AA က စစ်ရှိန်မြှင့်နေတယ်လို့ ည ၁၂ နာရီထုတ်ပြန်တဲ့ ၁၀၂၇ စစ်ဆင်ရေး (၉၉) ရက်မြောက် ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ဒါ့အပြင် ရမ်းဗြဲကျွန်းပေါ်မှာလည်း တိုက်ပွဲဖြစ်နေတယ်လို့ ဆိုပါတယ်။

AA က သီးခြားထုတ်ပြန်တဲ့ အစောပိုင်း ကြေညာချက်တခုမှာတော့ ဇန်နာဝါရီ ၃၀ ရက်နေ့က သိမ်းမိတဲ့ မြောက်ဦးအခြေစိုက် ခမရ (၅၄၀) တပ်ရင်းက လက်နက်ခဲယမ်းများစွာရဲ့ ဓာတ်ပုံမှတ်တမ်းကို ဖေါ်ပြထားပါတယ်။ အဲဒီထဲမှာ ၁၂၀ မမ၊ ၈၁ မမလို အဝေးပစ်မော်တာတွေ၊ RPG လို လောင်ချာတွေ၊ လက်နက်ငယ်တွေ၊ အရာရှိတွေကိုင်တဲ့ ပစ်စတိုတွေ၊ ခဲယမ်းတွေများစွာ ပါဝင်တာတွေ့ရပါတယ်။

ဒါ့အပြင်...

- ကချင်ပြည်နယ် မံစီမြို့နဲ့ မန်ဝိန်းကြားက ဘလောင်ဒိန်ဆာစခန်းနဲ့ ဖားကန့်မြို့နယ်က နန့်တိန်းတပ်စခန်းတို့ကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက သိမ်းပိုက်...

- ကရင်ပြည်နယ် မြဝတီမြို့ နယ်၊ သင်္ဃန်းညီနောင်နဲ့ ရွာသစ်ကုန်းကျေးရွာအနီးမှာ KNLA, PDF  ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်...

- မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် အနင်းရွာနဲ့ ထင်းရှူးရွာရှိ စစ်ကောင်စီရဲစခန်းကို ဒေသခံ တော်လှန်ရေးတပ်တွေက တိုက်ခိုက်...

... စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More