Tuesday, February 20, 2024

“မင်းပြားက စစ်သင်တန်းကျောင်းကို AA တိုက်ခိုက်၊ စီခမ်းကြီး-ခစန်းသိမ်းတိုက...

“မင်းပြားက စစ်သင်တန်းကျောင်းကို AA တိုက်ခိုက်၊ စီခမ်းကြီး-ခစန်းသိမ်းတိုက်ပွဲ စစ်ကောင်စီအကျအဆုံးများ...နောက်ဆုံးရ တိုက်ပွဲသတင်းများ” (၂၁- ၂- ၂၀၂၄) ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကမ်းနီရွာအနီးရှိ စစ်ကောင်စီရဲ့ “အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း” ကို ရက္ခိုင့်တပ်တော် AA က ဖေဖော်ဝါရီလ (၁၇) ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ၁၀၂၇ စစ်ဆင်ရေး (၁၁၇) ရက်မြောက်နေ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။ အလားတူ အခြားဒေသရှိ စခန်းတွေကိုလည်း AA ထိုးစစ်ဆင်နေပြီး စစ်ကောင်စီဖက်က ခုခံစစ်၊ ခွာစစ်ကလွဲပြီး အခြားရွေးချယ်စရာမရှိဘူး။ ဒါကြောင့် စစ်ကောင်စီ တပ်သားတွေအနေနဲ့ လက်နက်အမြန်ချပြီး အသက်ရှင်ခွင့်ကို ရယူသင့်တယ်လို့ AA က နှိုးဆောင်ထားပါတယ်။ ရမ်းဗြဲမြီု့မှာတော့ စစ်ကောင်စီက ဗုံးကြဲမှုဆက်လုပ်နေပြီး ဖေဖော်ဝါရီလ (၂၀) ရက်နေ့၊ နေ့လည် (၂) နာရီ ဝန်းကျင်းမှာ ဂျက်တိုက်လေယာဉ်က ချလိုက်တဲ့ ပေါင် (၅၀၀) ဗုံးဟာ အရင်နေ့တွေကဗုံးထက် အသံပိုကျယ်၊ ပေါက်ကွဲအားပိုပြင်းထန်၊ ပေါက်ကွဲပြီးနောက် မီးခိုးငွေ့တွေနဲ့ မြေမှုန့်တွေ ပေ (၁၀၀) ကျော်အမြင့်ထိတက်လာတာ မြင်ရတယ်လို့ ကြေညာချက်က ဆိုပါတယ်။ အဲဒီလို ပေါင် (၅၀၀) ဗုံးကြဲမှုကို ရမ်းဗြဲမြို့မဈေးနှင့် မြို့မဆေးရုံအနီးဝန်းကျင်မှာ ၂ ကြိမ်၊ မနက်အစောပိုင်းမှာ ၃ ကြိမ်ပြုလုပ်ခဲ့တယ်လို့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။ ဒါ့အပြင် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့တွေကိုလည်း စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ညီနောင် ၃ ဖွဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဒါ့အပြင်... - စီခမ်းကြီးခစေန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းပစ်ကူ အလွန်အကျွံသုံးတဲ့အတွက် အရပ်သားထိခိုက်မှု၊ စာသင်ကျောင်းနဲ့ ဘုရားကျောင်းလို အဆောက်ဦတွေပျက်စီးမှု အတော်များခဲ့ရတယ်လို့ KIA ကချင်လွတ်လပ်ရေးတပ် ပြောခွင့်ရက BNN ကိုပြော... - ကချင်- စစ်ကိုင်းအစပ်ရှိ အင်းတော်မြို့နယ်ထဲက မော်လူးမြို့နယ်ဘက်ကို ဦးတည်လှုပ်ရှားလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို နဘားလမ်းဆုံအနီးမှာ တော်လှန်ရေးအင်အားစုတွေက ကြားဖြတ်တိုက်ခိုက်... - ဆီဆိုင်မြို့က နေအိမ်တွေဆီ ပစ္စည်းပြန်ယူတဲ့ အရပ်သားကားတန်းကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် အရပ်သား ၇ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရ... ... စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။ (သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More