Tuesday, February 6, 2024

“မင်းပြားမြို့အခြေစိုက် “ခမရ (၃၇၉)၊ (၅၄၁) တပ်ရင်း ၂ ရင်းနှင့် တောင်ပြို ...


“မင်းပြားမြို့အခြေစိုက် “ခမရ (၃၇၉)၊ (၅၄၁) တပ်ရင်း ၂ ရင်းနှင့် တောင်ပြို (လက်ဝဲ) စခန်းတို့ကို AA သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၇- ၂- ၂၀၂၄)

ရခိုင်ပြည်နယ် မင်းပြားမြို့အခြေစိုက် “ခမရ (၃၇၉)၊ (၅၄၁) တပ်ရင်း ၂ ရင်းနှင့် ဘင်္ဂလာဒေ့ရှ် နယ်စပ်ရှိ တောင်ပြို (လက်ဝဲ) စခန်းတို့ကို AA  ရခိုင့်တပ်တော်က ဖေဖေါ်ဝါရီ ၆ ရက်မှာ သိမ်းပိုက်လိုက်တယ်လို့ ၁၀၂၇ စစ်ဆင်ရေး (၁၀၃) ရက်မြောက်ကြေညာချက်မှာ ဖေါ်ပြပါတယ်။

မင်းပြားရှိ တပ်ရင်း ၃ ခုထဲက ခမရ ၃၈၀ ကို ပြီးခဲ့တဲ့သီတင်းပတ်က သိမ်းထားပြီးသားမို့ မင်းပြားရှိ တပ်ရင်း ၃ ခုစလုံးကို AA က သိမ်းပိုက်လိုက်ပြီ၊ တနည်းအားဖြင့် မင်းပြားမြို့ကို AA က ထိန်းချုပ်ထားလိုက်ပြီဆိုတဲ့သဘောဖြစ်ပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့ရှိ တောင်ပြို (လက်ဝဲ) စခန်းကိုလည်း ဖေဖေါ်ဝါရီ ၆ မှာ သိမ်းလိုက်ပြီ၊ တောင်ပြို (လက်ယာ)စခန်းကို သိမ်းပြီးနောက်တရက်မှာ တောင်ပြို (လက်ဝဲ) ကိုပါ သိမ်းလိုက်တာဖြစ်ပါတယ်။ 

နယ်စပ်ရဲစခန်းတွေ ကျသွားတဲ့အတွက် ဘင်္ဂလာ‌‌ဒေ့ရှ်နယ်စပ်ဖက် ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အရေအတွက်ကလည်း ၂၀၀ ကျော်သွားပြီလို့ ကြေညာချက်က ဆိုပါတယ်။

တချိန်တည်းမှာပဲ မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်ရှိ လက်ကျန်တပ်ရင်းတွေကို အပြီးသိမ်းပိုက်နိုင်ရေး AA က ဆက်လုပ်နေပါတယ်။ ဒါ့အပြင် ရမ်းဗြဲ၊ အမ်းနှင့် မြေပုံမြို့နယ်မျာလည်း တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။     

ဒါ့အပြင် စစ်ကောင်စီရဲ့ စစ်ဖက်၊ ရဲဖက်နှင့် အုပ်ချုပ်ရေးဖက်ဆိုင်ရာ တပ်ဖွဲ့ဝင်အများအပြား AA ထံလက်နက်ချမှု တနေ့တခြားပိုများလာနေတယ်လို့လည်း ၁၀၂၇ စစ်ဆင်ရေး ၁၀၃ ရက်မြောက် ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- NUG က အုပ်ချုပ်ရေးချထားတဲ့ စစ်ကိုင်းတိုင်း ကောလင်းမြို့ကို စစ်ကောင်စီတပ်က ကြည်းတပ်၊ လေတပ်တွေနဲ့ ထိုးစစ်ဆင်နေ...

- မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ သိမ်ဇရပ်နယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်...

- ထားဝယ်မြို့နယ်၊ မယ်ဝေးတောင်ပေါ်ရှိ စစ်တပ်စခန်းကို ဒေသခံ PDF အဖွဲ့တခုဖြစ်တဲ့ Ba Htoo Army – BHA က ဝင်ရောက်တိုက်ခိုက်...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More