Friday, February 2, 2024

“10. 27 ရဲ့နောက်တဆင့် 10. 27, 2.0 ထပ်လာဖို့၊ အဆုံးသတ်တိုက်ပွဲအတွက် အချိန...


“10. 27 ရဲ့နောက်တဆင့် 10. 27, 2.0 ထပ်လာဖို့၊ အဆုံးသတ်တိုက်ပွဲအတွက် အချိန်ယူပြင်ဆင်တယ်လို့ပဲ ယူဆပါတယ်”

- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ် - မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

(၂- ၂- ၂၀၂၄)

“တရုတ်ရဲ့ဖိအားပေးမှုကြောင့် ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းမြောက်ဒေသမှာ ရပ်လိုက်ရပေမယ့် ဒါဟာ ယာယီသဘောသာဖြစ်တယ်။ စစ်အာဏာရှင်မပြုတ်မချင်း ရှမ်းမြောက်က လွတ်မြောက်ဒေသတွေဟာလည်း ဘာ-အာမခံချက်မှမရှိတဲ့အတွက် စစ်အာဏာရှင်ပြုတ်ကျရေး အဆုံးသတ်တိုက်ပွဲ သို့မဟုတ် “10. 27, 2.0” စစ်ဆင်ရေးအတွက် အချိန်ယူပြင်ဆင်တာလို့ပဲ ယူဆပါတယ်” လို့ ချင်းပြည်နယ် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန်က ပြောပါတယ်။

မြောက်ပိုင်းညီနောင် ၃ ဖွဲဟာ သူတို့လိုချင်တဲ့ နယ်မြေတွေ တစုံတရာရသွားလို့ ငြိမ်သွားတာလား၊ စစ်အာဏာရှင်ပြုတ်ကျရေးအထိ ဆက်သွားမယ်ဆိုတာ ဟုတ်ရဲ့လား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ...

- မင်းတပ်နဲ့ ဆက်စပ်ဒေသမှာ တိုက်ပွဲအခြေအနေ ဘယ်လိုရှိသလဲ...

- ၁၀၂၇ စစ်ဆင်ရေးက အခြားဒေသတွေကို ဘယ်လို ဂယက်ရိုက်မှုရှိသလဲ...

- ညီနောင် ၃ ဖွဲ့က နယ်မြေသိမ်းပိုက်ရေးအပြင် စစ်အာဏာရှင်ပြုတ်ကျရေးအတွက်ပါ ဆက်လက်တိုက်ပွဲဝင်မှာလား...

... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(၂၀၂၄ နှစ်ဆန်းမှာ ဘာတွေမျှော်လင့်နိုင်မလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More