Monday, February 12, 2024

“မင်းပြားမှာ စစ်သဘောင်္တစီးကို AA ပစ်မြှုပ်၊ မြောက်ဦးမှာ သိမ်းမိတဲ့ လက်န...


“မင်းပြားမှာ စစ်သဘောင်္တစီးကို AA ပစ်မြှုပ်၊ မြောက်ဦးမှာ သိမ်းမိတဲ့ လက်နက်တွေ ထုတ်ပြ...နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁၃- ၂- ၂၀၂၄)

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်း စစ်သင်္ဘော (၁) စီးကို AA ရခိုင်တပ်တော်က ဖေဖေါ်ဝါရီ ၁၂ ရက်မှာ တိုက်ခိုက်နှစ်မြှုပ်နိုင်ခဲ့တယ်လို့ ၁၀၂၇ စစ်ဆင်ရေး (၁၀၉) ရက်မြောက်နေ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ဒါဟာ ဖေဖော်ဝါရီ (၇/၈) ရက်တွေက စစ်သင်္ဘော (၃) စီးကို အပြတ်အသတ်ချေမှုန်းပြီးတဲ့နောက် ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှာ နောက်တစီးကို အလားတူ ချေမှုန်းနိုင်ခဲ့တာဖြစ်တယ်လို့ ကြေညာချက်က ဆိုပါတယ်။

တချိန်တည်းမှာပဲ မြေပြင်ကိုလက်လွတ်လိုက်ရတဲ့ စစ်ကောင်စီတပ်ဟာ မင်းပြားမြို့ကို လေကြောင်း၊ ရေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှု ဆက်လုပ်နေတယ်လို့ AA က ပြောပါတယ်။ 

ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး မောင်တောမြို့နယ်မြောက်ပိုင်းရှိ အောင်သပြေကျေးရွာအနီးမှာတော့ ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်နေပြီး "နခခ (၅)” ကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တယ်လို့ဆိုပါတယ်။

တချိန်တည်းမှာပဲ ရမ်းဗြဲနဲ့ ကျောက်ဖြူမြို့တို့ကိုလည်း စစ်ကောင်စီက မြေပြင်၊ ရေပြင်ကနေ လက်နက်ကြီးနဲ့ အချက်ပေါင်းမျာစွာပစ်ခတ်ခဲ့တယ်လို့ AA ကပြောပါတယ်။ 

ဒါ့အပြင် AA က အပြည့်အဝထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နှင့် အနီးတစ်ဝိုက်ကျေးရွာတွေကို စစ်ကောင်စီက ညဖက်မှာ လေယာဉ်နဲ့ လာပစ်တဲ့အတွက် ပိုက်သည်ရပ်ကွက်က အရပ်သားပြည်သူ (၇) ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး (၉) ဦးဒဏ်ရာရခဲ့တယ်လို့ AA နှင့် ညီနောင် ၃ ဖွဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- မြောက်ဦးအခြေစိုက် ခမရ (၃၇၇) နဲ့ ခမရ (၃၇၈) တို့က သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေကို AA က ထုတ်ပြ...

- ဆီဆိုင်မြို့ကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက် မီးလောင် ပျက်စီးမှုများပြား...

- စစ်ကိုင်းတိုင်း ကောလင်းမြို့မှာ မြို့တွင်းတိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ...

- စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ အောင်ဇေယျကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်တွေက ပြန်လည်သိမ်းပိုက်...

... စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More