Thursday, February 8, 2024

“စစ်ဘေးရှောင်စခန်းတွေပေါ် စစ်လေယာဉ်မပျံသန်းရဇုန်အဖြစ် သတ်မှတ်ပေးရန် NUG ...


“စစ်ဘေးရှောင်စခန်းတွေပေါ် စစ်လေယာဉ်မပျံသန်းရဇုန်အဖြစ် သတ်မှတ်ပေးရန်
NUG နှင့် ERO များ တောင်းဆို”

(၈- ၂- ၂၀၂၄)

မြန်မာ-ထိုင်း နယ်စပ်တလျောက်ရှိ စစ်ဘေးရှောင်စခန်းတွေ၊ ဒုက္ခသည်စခန်းရှိတဲ့နေရာတွေအပေါ် စစ်လေယာဉ်မပျံသန်းရ ဇုန်အဖြစ် သတ်မှတ်ပေးဖို့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကုလသမဂ္ဂထံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးက တောင်းဆိုလိုက်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေကို ကူညီဖို့၊ စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ပေးဖို့ ထိုင်း ဒုနိုင်ငံခြားရေးဝန်ကြီး နယ်စပ်ဒေသဆီ ကွင်းဆင်းလေ့လာဖို့ရှိနေတယ်လို့ သတင်းထွက်နေချိန်မှာ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက အခုလို တောင်းဆိုလိုက်တာပါ။

ဒီနေ့ မွန်းလွဲ ၃ နာရီကကျင်းပတဲ့ ကရင်နီပြည်နယ် ဒီမောဆိုမြို့နယ်တွင်းရှိ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲတဲ့တွက် ကျောင်းသားကလေးငယ် ၄ ဦးသေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရတဲ့ပေါ် ဘယ်လို တားဆီးကာကွယ်မလဲ... သတင်းစာရှင်းပွဲအတွင်း ဦးအောင်မျိုးမင်းက အဲဒီလို တောင်းဆိုခဲ့တာဖြစ်ပါတယ်။

စာသင်ကျောင်း ဘယ်လိုအပစ်ခံရသလဲ၊ ကျောင်းသားတွေ ဘယ်လို သေဆုံးဒဏ်ရာရသလဲဆိုတဲ့အကြောင်းကိုတော့ ကျောင်းဆရာ ၂ ဦးက ပြောပြထားပါတယ်။

စစ်ကောင်စီဖက်ကတော့ ဒီတိုက်ခိုက်မှုကို သူတို့မလုပ်ရပါဘူး။ ၅ ရက်နေ့က စစ်တပ်လေယာဉ် အဲဒီဖက်သွားတာမရှိဘူးလို့ ငြင်းဆိုတယ်လို့ဆိုပါတယ်။ 

ဒါပေမယ့် ဒါဟာ ဘယ်လိုမှ ငြင်းမရတဲ့ သက်သေအထောက်အထားတွေရှိတယ်။
တိုက်ပွဲဖြစ်နေတဲ့ လွိုင်ကော်နဲ့ အခု ဒီမောဆိုဟာ ၁၀ မိုင်လောက်ဝေးတဲ့အတွက် ဒါဟာ မတော်တဆမှားယွင်းပစ်ခတ်တာမဟုတ်ပဲ စာသင်ကျောင်းမှန်းသိရဲ့နဲ့ တမင်တကာ အကြိမ်ကြိမ် ပစ်ခတ်မှုဖြစ်တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ အတွင်းရေးမှူး ၂
ဗညားခွန်အောင်က  ပြောပါတယ်။

စစ်တပ်ရဲ့ဗုံးကြဲတိုက်မှုကြောင့် ဒီမောဆို စစ်ဘေးရှောင်စာသင်ကျောင်းမှာ ကလေးငယ် ၄ ဦးသေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရခဲ့တဲ့အချိန်ဟာ ထိုင်းအစိုးရကလည်း နယ်စပ်တလျောက်ရှိ ဒုက္ခသည်တွေကို ကူညီပေးရေးအတွက် အရှိန်မြှင့်ဆောင်ရွက်နေပြီး ထိုင်း ဒုတိယ နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် နယ်စပ်ဒေသဆီ ကွင်းဆင်းလေ့လာဖို့ရှိနေတာနဲ့ တိုက်ဆိုင်နေပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More