Monday, February 19, 2024

“မြေပုံမြို့နယ်က စစ်ကောင်စီတပ် ကိုယ့်စခန်းကိုယ် မီးရှို့ပြီး ထွက်ပြေး၊ ရ...


“မြေပုံမြို့နယ်က စစ်ကောင်စီတပ် ကိုယ့်စခန်းကိုယ် မီးရှို့ပြီး ထွက်ပြေး၊ ရမ်းဗြဲမြို့မှာ အိမ် ၁၀၀ ကျော်မီးလောင်... နောက်ဆုံးရ တိုက်ပွဲသတင်းများ” (၁၉ ၂၀၂၄) ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ဟင်းခရော်‌ကျေးရွာအနောက်မြောက်ဘက်ရှိ “ပွိုင့် (၄၀၂)” နှင့် “ပွိုင့် (၄၀၈)” ကုန်း မကျဆုံးခင်လေးမှာ စစ်ကောင်စီတပ်က ကိုယ့်စခန်းကိုယ် မီးရှို့ပြီး ထွက်ပြေးသွားတယ်လို့ ၁၀၂၇ စစ်ဆင်ရေး (၁၁၅) ရက်မြောက်နေ့ကြေညာချက်မှာ ဖေါ်ပြပါတယ်။ ဖေဖေါ်ဝါရီ ၁၈ ရက်၊ ညနေ ၅ နာရီခွဲမှာ လက်နက်ခဲယမ်းတွေကို အဲဒီလို မီးရှိ့ပြီးနောက် သယ်နိုင်တဲ့လက်နက်တွေကို သယ်ယူပြီး စစ်ရဟတ်ယာဉ်တွေနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ အမ်း-မြို့ကို ထွက်ခွာသွားတယ်၊ ရဟတ်ယာဉ်နဲ့ ၄ ကြိမ်အထိ သယ်ယူတာ တွေ့ရတယ်လို့ ဗီဒီယိုမှတ်တမ်းနဲ့တကွ ထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။ အရင်နေ့တွေကတည်းက လက်နက်ကြီးဒဏ်၊ လေယာဉ်ကဗုံးကြဲတဲ့ဒဏ်တွေကို ဆက်တိုက်ခံနေရတဲ့ ရမ်းဗြဲမြို့ကို စစ်ကောင်စီက ဖေဖေါ်ဝါရီ ၁၇ မှာ လေကြောင်း၊ ရေကြောင်းကနေ အကြိမ် ၁၀၀ ကျော်အထိပစ်ခတ်တဲ့အတွက် အမှတ် (၄) ကင်းတဲရပ်ကွက်က လူနေအိမ် (၁၅၀) ကျော်အထိ မီးလောင်ပျက်စီးခဲ့ရတယ်လို့ AA က ပြောပါတယ်။ အလားတူ ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်‌တောင်လမ်းခွဲရှိ ‌နေအိမ်နှင့် ဈေးဆိုင်ခန်း တွဲဆောက်ထားတဲ့ အဆောင် (၆) လုံးကို ဖဖော်ဝါရီလ (၁၇) မှာ စစ်တပ်က လာရောက်မီးရှိ့ုသွားတယ်လို့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။ AA ရဲ့လှုပ်ရှားမှူနဲ့ပတ်သက်ပြီး ထူးခြားတဲ့ဖေါ်ပြချက်တခုကတော့ ရက္ခိုင့်တပ်တော် AA ဟာ ရှမ်းမြာက်ဒေသရှိ ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့်တင်မကပဲ အခြားသော ဘဝတူ တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့လည်း စစ်ရေးအရ၊ ဗျူဟာအရ၊ မိမိတို့အဖွဲ့အစည်းရဲ့ လိုအပ်ချက်အရ တဖွဲ့ချင်းဖြစ်စေ၊ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီးဖြစ်စေ နေရာအတော်များများမှာ တိုက်ပွဲဝင်နေတယ်လို့ ဖေါ်ပြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနှံ့မှာ တပ်ဖြန့်ထားနိုင်ပြီး စစ်ကောင်စီကို စစ်မျက်နှာအသီးသီးကနေ တိုက်ပွဲဝင်နေနိုင်တဲ့ တစ်ခုတည်းသောအဖွဲ့အစည်းဟာ ရက္ခိုင့်တပ်တော် (Arakan Army) ဟုဆိုရမည်ဖြစ်သည်- လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဒါ့အပြင်... - ဆီဆိုင်မြို့နယ် ဘန်းယဉ်မြို့အခြေစိုက် ခမရ (၄၂၅) နှင့် (၄၂၆) တပ်သားတွေ၊ လက်အောက်ခံ ပြည်သူ့စစ်တွေဟာ တိုက်ပွဲအတုဖန်တီးပြီး ပအိုဝ်းကျေးရွာတွေကို လက်နက်ကြီးနဲ့ အချက် ၄၀ ကျော်ပစ်တဲအ့တွက် ၆ လသား ကလေးငယ်အပါဝင် အရပ်သား ၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရတယ်လို့ PNLA က သတင်းထုတ်ပြန်... - ထားဝယ်-ထီးခီးလမ်း (ထားဝယ်ရေနက်ဆိပ်ကမ်းလမ်း) အတိုင်း ထားဝယ်ကနေ ထီးခီးဖက်ကို ဝင်လာတဲ့ ကား ၁၇ စီးပါ စစ်ကောင်စီယာဉ်တန်းကို ဒေသခံတော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီဖက်က ၄ ဦးသေဆုံးတယ်လို့ Ba Htoo Army-BHA က သတင်းထုတ်ပြန်... ...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။ (သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More