Friday, February 23, 2024

“မြောက်ပိုင်းညီနောင် ၃ ဖွဲ့က မပြီးဆုံးသေးတဲ့ လုပ်ငန်းတွေ မကြခင်မှာ ဆက်လု...


“ပုဏ္ဏားကျွန်း မြို့မရဲစခန်းကို AA သိမ်းပိုက်... ထားဝယ်-ထီးခီးလမ်းမှာ စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရ... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၂၃- ၂- ၂၀၂၄)

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ မြို့မရဲစခန်းကို ဖေဖေါ်ဝါရီ ၂၂ ရက်မှာ သိမ်းပိုက်လိုက်ပြီလို့ AA ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် အရင်နေ့က ကာကင်းတွေကို သိမ်းပိုက်ပြီးဖြစ်တဲ့ မင်းပြားမြို့၊ ကမ်းနီရွာအနီးရှိ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို ၅ ရက်မြောက်နေ့အဖြစ် ဆက်လက် ထိုးစစ်ဆင်နေတယ်လို့ ကြေညာချက်က ဆိုပါတယ်။

တချိန်တည်းမှာပဲ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောရှိ စစ်စခန်း၊ ဗျူဟာ၊ တပ်ရင်း၊ တပ်မဌာနချုပ်တွေကို အပြီးသိမ်းပိုက်နိုင်ရေး ဆက်လက် ထိုးစစ်ဆင်နေတယ်လို့ AA က ပြောပါတယ်။

စစ်ကောင်စီဖက်ကတော့ ပြီးခဲ့တဲ့ရက်တွေက ဆေးရုံ၊ ဈေးတွေကို ဗုံးကြဲခဲ့တဲ့ ရမ်းဗြဲမြိုံ့ကို ဒီနေ့မှာလည်း ဗုံးထပ်ကြဲနေတယ်။ ဒါ့အပြင် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့ လူနေရပ်ကွက်တွေကိုလည်း စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒ့ါအပြင်...

- ဟိုပုံးမြို့နယ်မှာ စစ်ကောင်စီ-ပြည်သူ့စစ် ပူးတွဲအဖွဲ့နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) တို့တိုက်ပွဲဖြစ်ပြီး ၆၀ မမ တလက်နဲ့ လက်နက်ငယ် ၄ လက် သိမ်းမိ...

- ထားဝယ်-ထီးခီးလမ်းအတိုင်း ကား ၁၇ စီး၊ အင်အား ၃၀၀ ခန့်နဲ့ချီတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသခံတော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီဖက်က ဒါဇင်နဲ့ချီသေဆုံးပြီး ၆၀ မမ ၃ လက်အပါဝင် လက်နက်မျိုးစုံ ၃၀ ခန့် သိမ်းမိ...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

BurmaNewsNetwork - YouTube
3:43 PM
You sent
“မြောက်ပိုင်းညီနောင် ၃ ဖွဲ့က မပြီးဆုံးသေးတဲ့ လုပ်ငန်းတွေ မကြခင်မှာ ဆက်လုပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၂၃- ၂- ၂၀၂၄)

“တရုတ်ရဲ့ဖိအားပေးမှုကြောင့် ယာယီအပစ်ရပ်ပြီး ဒေသတည်ငြိမ်ရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စတွေကိုဆောင်ရွက်နေတဲ့ ရှမ်းမြောက်ဒေသရှိ ညီနောင် ၃ ဖွဲ့ အဖွဲ့ဝင်တွေဟာ မပြီးဆုံးသေးတဲ့ လုပ်ငန်းတွေကို မကြာခင် ပြန်လုပ်လိမ့်မယ်လို့ မျှော်လင့်တယ်” လို့ စစ်ရေး-နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး အရှိန်ကောင်းစဉ်မှာ အပစ်ရပ်လိုက်တာဟာ စစ်ကောင်စီကို အသက်ရှုခွင့်ပေးလိုက်တာဖြစ်တယ်၊ အခွင့်အခါကောင်းကို လက်လွတ်ခံသလိုဖြစ်သွားနိုင်တယ်...စသဖြင့် ဝေဖန်မှုတွေ ထွက်ပေါ်လာနေတာနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောက်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...

- မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့ပေါ်လာခြင်းက နွေဦးတော်လှန်ရေးကို ဘယ်လောက်အထောက်အကူဖြစ်စေနိုင်သလဲ...

- AA ရဲ့ ထိုးစစ်ဆင်နိုင်မှုက စစ်တပ်ကို စိတ်ဓာတ်ကျစေပြီး လူထုကို စိတ်ဓာတ်တက်စေသလား...

- ရှမ်းမြောက်ဒေသမှာ အပစ်ရပ်ပြီး ဒေသတည်ဆောက်ရေးလုပ်နေတဲ့အဖွဲ့တွေ မပြီးဆုံးသေးတဲ့လုပ်ငန်းတွေကို ဘယ်တော့ ပြန်စတင်မှာလဲ...

- ကောလင်းတိုက်ပွဲမှာ ဘာတွေ အားနည်းခဲ့သလဲ..

- စစ်မှူထမ်းဥပဒေကြောင့် စစ်ကောင်စီပြုတ်ကျရေး ပိုမြန်သွားနိုင်သလား...

...စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More