Friday, February 16, 2024

“ဗမာပြည်နယ်ဆိုတာ အခုမှ အသစ်ပေါ်လာတာ မဟုတ်ဘူး၊ ပင်လုံ ကတိကဝတ်တွေထဲမှာ ပါတ...


“ဗမာပြည်နယ်ဆိုတာ အခုမှ အသစ်ပေါ်လာတာ မဟုတ်ဘူး၊ ပင်လုံ ကတိကဝတ်တွေထဲမှာ ပါတယ်လေ”

- ခွန်းမရ်ကိုဘန် (ဖက်ဒရယ်ရေးရာဝန်ကြီးဟောင်း - NCG)

(၁၆- ၂ - ၂၀၂၄)

“ဗမာပြည်နယ်တို့၊ ၈ ပြည်နယ်မူတို့ဆိုတာဟာ အခုမှ အသစ်ပေါ်လာတာမဟုတ်ဘူး။ ပင်လုံဆွေးနွေးပွဲ၊ ပင်လုံကတိကဝတ်တွေထဲမှာပါတဲ့အချက်တခုဖြစ်တယ်။ အဲဒီကတိကဝတ်တွေကို ပြည်မအစိုးရအဆက်ဆက်က အကောင်ထည်မဖေါ်နိုင်လို့ ပြည်တွင်းစစ်လမ်းကြောင်းပေါ်ရောက်သွားတာဖြစ်တယ်။ ဒီနေ့အချိန်မှာ ဒီအချက်တွေကို အလေးအနက်ထည့်သွင်းစဉ်းစားပြီး ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်ဆောင်ရွက်ရမယ်” လို့ ၁၉၉၀ အမတ်ဟောင်း၊ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ဖက်ဒရယ်ရေးရာဝန်ကြီးဟောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်နေသူ ခွန်းမရ်ကိုဘန်က ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးနဲ့အတူ နယ်မြေအသစ်တွေပေါ်လာတာ၊ ၇၇ ကြိမ်မြောက် ပြည်ထောင်စုနေ့မှာ ပြည်ထောင်စုအသစ်အကြောင်း လူပြောများလာတာ၊ UNA ကနေ ၈ ပြည်နယ်မူ ဖွဲ့စည်းပုံကို ထုတ်ပြန်လိုက်တာ၊ NUG နဲ့ ERO တွေက ဖက်ဒရယ်အခြေခံမူ သဘောတူညီချက်တွေ ထုတ်ပြန်လိုက်တာ... စတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ...

- စစ်ကောင်စီကကျင်းပခဲ့တဲ့ ပြည်ထောင်စုနေ့အခမ်းအနား ဘာအဓိပါယ်ရှိသလဲ...

- UNA က ထုတ်ပြန်လိုက်တဲ့ ဗမာပြည်နယ်အပါဝင်  ၈ ပြည်နယ်မူ ဖွဲ့စည်းပုံက အလုပ်ဖြစ်နိုင်သလား...

- NUG နဲ့ ERO တွေကြားက ဖက်ဒရယ်အခြေခံသဘောတူချက်တွေက ဖွဲ့စည်းပုံအသစ်ရေးဖို့ လုံလောက်ပြီလား...

...စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အားလုံးလက်ခံနိုင်တဲ့ အနာဂတ်ပြည်ထောင်စုပုံစံက ဘယ်လိုဖြစ်သင့်သလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More