Friday, February 16, 2024

“ကျောက်တော်က သိမ်းမိလက်နက်များ AA ထုတ်ပြန်၊ စစ်ကောင်စီကို ပြန်တိုက်မည်ဟု...


“ကျောက်တော်က သိမ်းမိလက်နက်များ AA ထုတ်ပြန်၊ စစ်ကောင်စီကို ပြန်တိုက်မည်ဟု NMSP (စစ်အာဏာရှင်တိုက်ဖျက်ရေး) က ကြေညာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ” (၁၅- ၂- ၂၀၂၄) ရခိုင်ပြည်နယ်က မင်းပြား၊ ကျောက်တော်၊ မြောက်ဦးနှင့် ပေါက်တောမြို့တို့ကို AA ရက္ခိုင့်တပ်တော်က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်တွေဟာ ရသေ့တောင်မြို့ပတ်ဝန်းကျင်ကနေ ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး ခုခံစစ် စတင်လုပ်ဆောင်နေတာတွေ့ရတယ်လို့ ၁၀၂၇ စစ်ဆင်ရေး (၁၁၁) ရက်မြောက်နေ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။ ဒ့ါအပြင် ရမ်းဗြဲမြို့ကို လေကြောင်းကနေ ဗုံးအကြိမ်ကြိမ်ကြဲတာ၊ တောင်ကုတ်မြို့နယ်၊ ကျောက်ဖြူချောင်းအနီးဝန်းကျင်ကို ဗုံးကြဲတာတွေ စစ်ကောင်စီက ဖေဖေါ်ဝါရီ ၁၄ မှာ လုပ်ခဲ့တယ်လို့ ကြေညာချက်က ဆိုပါတယ်။ ဒါ့အပြင်... - တိုက်ပွဲအတွင်း အသေဖမ်းမိ၊ အရှင်ဖမ်းမိတဲ့ တပ်မမှူးတွေ၊ ဗျုဟာမှူးတွေကိုလည်း AA က သတင်းထုတ်ပြန်.. - ကျောက်တော်အခြေစိုက် ခမရ (၃၇၄)၊ ခမရ (၃၇၅) ၊ ခမရ (၃၇၆) နှင့် တပ်မဌာနချုပ် စကခ (၉) တို့ကို သိမ်းပိုက်စဉ် ရရှိတဲ့ လက်နက်ခဲယမ်း မှတ်တမ်းဓာတ်ပုံတွေကိုလည်း ထုတ်ပြန်... - စစ်ကိုင်းတိုင်း တမူးမြို့နယ်၊ အောင်ဇေယျတပ်စခန်းကနေ ဆုတ်ခွာလာ စစ်ကြောင်းကို PDF တွေက ကြားဖြတ်တိုက်ခိုက်ပြီး စစ်ကောင်စီဖက်က ၄ ဦးသေ၊ လက်နက် ၁၂ လက်ရရှိ... - ဆီဆိုင်မြို့နယ်ထဲက (ပဆျားကလိုး) ကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတဲ့အတွက် အရပ်သား ၂ ဦး သေဆုံး၊ ၈ ဦး ဒဏ်ရာရတယ်လို့ (PNLA)က သတင်းထုတ်ပြန်... - စစ်အာဏာရှင်တွေနဲ့ဆွေးနွေးနေလို့ ကိုယ်ပိုင်ပြဌဏ်းခွင့်တွေ ဖက်ဒရယ်ပြည်ထောင်စုတွေမရနိုင်ဘူး၊ စစ်အာဏာရှင်ကို ဖြုတ်ချနိုင်မှ ဒါတွေရနိုင်မှာဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီ NMSP (စစ်အာဏာရှင်တိုက်ဖျက်ရေး) က ကြေညာ... ...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။ (သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More