Thursday, February 8, 2024

“မြောက်ဦးက အမှတ် (၃၁) ရဲတပ်ရင်းကို သိမ်းပိုက်ပြီး စစ်သဘောၤ ၃ စီးကိုပါ AA...


“မြောက်ဦးက အမှတ် (၃၁) ရဲတပ်ရင်းကို သိမ်းပိုက်ပြီး စစ်သဘောၤ ၃ စီးကိုပါ AA က ပစ်မြှုပ်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၉ -၂- ၂၀၂၄)

ရခိုင်ပြည်နယ် မင်းပြား၊ ကျောက်တော်နဲ့ မြောက်ဦးရှိ စစ်တပ်စခန်းအားလုံးကို ဖေဖေါ်ဝါရီ ၇ ရက်မှာ အပြီးသိမ်းပြီးတဲ့နောက် တခုတည်းကျန်နေတဲ့ မြောက်ဦးက ရဲတပ်ရင်း (၃၁) ကို ဖေဖေါ်ဝါရီ ၈ ရက်မှာ သိမ်းပိုက်လိုက်ပြီလို့ ၁၀၂၇ စစ်ဆင်ရေး (၁၀၅) ရက်မြောက်နေ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးစစ်သင်္ဘော (၃) စင်းကိုလည်း ဖေဖေါ်ဝါရီ ၇-၈ ရက်တွေမှာ နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့ပြီး တလအတွင်း စစ်သဘောၤ ၇ စီးကို ရခိုင်ပင်လယ်ပြင်အတွင်း ပစ်မြျုပ်နိုင်ခဲ့ပြီးဖြစ်တယ်လို့ ကြေညာချက်က ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီ ရေတပ်နဲ့ လေတပ်ဟာ ရမ်းဗြဲမြို့ကို ဗုံးကြဲတိုက်ခိုက်နေတယ်။ ရသေ့တောင်မြို့နယ်မှာတော့ စစ်ကောင်စီရဲ့ “ကိုးတန်ကောက်နယ်ခြားစောင့်စခန်း” ကို AA က မနက် (၇) နာရီမှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ဖေါ်ပြပါတယ်။

တောင်ကုတ်၊ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာတော့ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲနဲ့ စစ်တပ်က မြို့ထဲဝင်လာပြီး လူတွေဖမ်းတာ၊ အိမ်တွေမီးရှို့တာ လုပ်ခဲ့တယ်လို့ ညီနောင် ၃ ဖွဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့မှာ စစ်ကောင်စီက လေကြောင်းကနေ အရပ်သားပစ်မှတ်တွေကို အပြင်းအထန်တိုက်ခိုက်နေ...

- ကရင်နီပြည် ဘော်လခဲမြို့နယ်တွင်းရှိ ၁၂ မိုင်ကုန်း စစ်ကောင်စီတပ်စခန်းကို ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်...

- စစ်ကိုင်းတိုင်း ကောလင်းမြို့ကို စစ်ကောင်စီတပ်တွေက ထိုးစစ်ဆင်နေပြီး တိုက်ပွဲပြင်းထန်နေ...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More