Friday, February 16, 2024

“စစ်အာဏာရှင်ကို တိုက်ဖျက်ရေးမှတပါး အခြားနည်း မရှိဘူး”


“စစ်အာဏာရှင်ကို တိုက်ဖျက်ရေးမှတပါး အခြားနည်း မရှိဘူး” - နိုင်ဗညားလယ် (ဒုခေါင်းဆောင်- နိုင်ငံရေးဦးဆောင်အဖွဲ့ - မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (၁၄- ၂- ၂၀၂၄) “မွန်ပြည်သစ်ပါတီဟာ ဖက်ဒရယ်ပြည်ထောင်စုဖေါ်ဆောင်ရေးအတွက် NCA (တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်) လမ်းကြောင်းအတိုင်း တစိုက်မတ်မတ်သွားခဲ့ပေမယ့် မွန်ပြည်သစ်ရဲ့ လိုလားချက်တွေကို စစ်ကောင်စီက အသိအမှတ်မပြုဘူး။ ဒီနေ့အခြေအနေဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးဆုံးအခြေအနေ၊ စစ်ကောင်စီကို ပြည်တွင်း-ပြည်ပ အင်အားစုအားလုံးက လုံးဝလက်မခံနိုင်တော့တဲ့ အခြေအနေဖြစ်တဲ့အတွက် စစ်ကောင်စီပြုတ်ကျရေးတိုက်ပွဲမှာ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အနေနဲ့ ပါဝင်လာရခြင်းဖြစ်တယ်” လို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) ရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ - ဒုတိယ ခေါင်ေးဆာင် နိုင်ဗညားလယ်က BNN ကိုပြောပါတယ်။ ဒီနေ့ထုတ်ပြန်တဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)ရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။ အခုထုတ်လွင့်မယ့် မေးမြန်းချက်ထဲမှာ... - NCA အတိုင်း ဆက်သွားမယ့်အဖွဲနဲ့ နွေဦးတော်လှန်ရေးမှာပါမယ့်အဖွဲ့ဆိုပြီး မွန်ပြည်သစ်ပါတီက ၂ ခုဖြစ်သွားတာလား... - NCA လမ်းကြောင်းအလုပ်မဖြစ်တော့လို့ စစ်အာဏာရှင်တိုက်ဖျက်ရေးဖက် တဖွဲ့ပြီးတဖွဲ့ရောက်လာနေတဲ့သဘောလား... - မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့ရဲ့ ရှေ့လုပ်ငန်းစဉ်က ဘာတွေလဲ... ... ဒီအကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More