Monday, February 19, 2024

“ဒီမိုကရေစီအင်အားစုနဲ့ တိုင်းရင်းသားအင်အားစု အဆွဲညီမှ လိုရာ ခရီးရောက်မယ်”


“ဒီမိုကရေစီအင်အားစုနဲ့ တိုင်းရင်းသားအင်အားစု အဆွဲညီမှ လိုရာ ခရီးရောက်မယ်” - ခွန်းမရ်ကိုဘန် (ဖက်ဒရယ်ရေးရာဝန်ကြီးဟောင်း - ဖွဲစည်းပုံအခြေခံဥပဒေအရေး ဆောင်ရွက်နေသူ) (၁၈- ၂ - ၂၀၂၄) “စစ်ကောင်စီအလွန် အနာဂတ်ပြည်ထောင်စုအတွက် ဖွဲ့စည်းပုံမူကြမ်းတရပ်ထွက်လာအောင် အမြန်လုပ်ဖို့လိုတယ်၊ ဒီမိုကရေစီအင်အားစုနဲ့ တိုင်းရင်းသားအင်အားစု အဆွဲညီမှ လိုရာခရီးရောက်မယ်” လို့ အမျိုးသားညွန့်ပေါင်းအစိုးရ (NCG) ဖက်ဒရယ်ရေးရာဝန်ကြီးဟောင်းနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးလုပ်ငန်းစဉ်မှာ ပါဝင်ဆောင်ရွက်နေသူ ခွန်းမရ်ကိုဘန်က ပြောပါတယ်။ ၃ နှစ်ကြာတဲ့အထိ NUCC က ဖွဲ့စည်းပုံတခု မရေးဆွဲနိုင်သေးတာဘာကြောင့်လဲ၊ အသစ်ပေါ်လာနေတဲ့ လွတ်မြောက်နယ်မြေအသစ်တွေ ပြည်ထောင်စုထဲ ဘယ်လိုပါဝင်ကြမလဲ၊ အနာဂတ်ပြည်ထောင်စုပုံစံက ဘယ်လိုဖြစ်သင့်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ... - ၃ နှစ်ကြာတဲ့အထိ NUCC က ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းတခု ထွက်မလာနိုင်သေးတာ ဘာကြောင့်လဲ... - စစ်ကောင်စီပြုတ်ကျရေးလုပ်ငန်းစဉ်နဲ့ အနာဂတ်ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်ကို တပြိုင်တည်းဘယ်လို ဆောင်ရွက်သင့်သလဲ... - လွတ်မြောက်နယ်မြေသစ်တွေအပါဝင် ပြည်ထောင်စုသစ်ကို ဘယ်လိုစံတွေ- ဘယ်လိုမူတွေနဲ့ ဖွဲ့စည်းကြမလဲ... ...စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More