Sunday, February 11, 2024

“စစ်သောၤ ၃ စီး ပစ်မြှု့ပ်တဲ့ မှတ်တမ်းဓာတ်ပုံ AA ထုတ်ပြန်၊ ဆင်ဘိုမြို့ကို...


“စစ်သောၤ ၃ စီး ပစ်မြှု့ပ်တဲ့ မှတ်တမ်းဓာတ်ပုံ AA ထုတ်ပြန်၊ ဆင်ဘိုမြို့ကို KIA သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁၂- ၂- ၂၀၂၄)

ရခိုင်- ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ်မြောက်ပိုင်းရှိ အောင်သပြေကျေးရွာအနီး ဖေဖေါ်ဝါရီ ၁၁ ရက်၊ မနက် ၁၀ နာရီခန့်မှာ AA ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဖက်က ၇ ဦး သေဆုံးတယ်လို့ ၁၀၂၇ စစ်ဆင်ရေး (၁၀၈) ရက်မြောက်နေ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ညနေပိုင်းမှာတော့ ရက္ခိုင့်တပ်တော် AA က အလုံးစုံထိန်းချုပ်ထားပြီဖြစ်တဲ့ ပလက်ဝမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် (၂) ကြိမ် လာရောက်ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်တဲ့အတွက် အသက် (၈) နှစ်အရွယ် ကလေးငယ် (၁) ဦးအပါအဝင် ဒေသခံအရပ်သား (၂) ဦး သေဆုံးပြီး (၄) ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်။ 

ဒါ့အပြင် စစ်သုံ့ပန်းဥပဒေအရ ရက္ခိုင့်တပ်တော်ရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုအောက်မှာ ကျမ္မာရေးပြုစု စောင့်ရှောက်မှု ခံယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့လည်း သေဆုံး၊ ဒဏ်ရာရတာရှိခဲ့တယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ဖေဖော်ဝါရီလ (၇/၈) ရေကြောင်းတိုက်ပွဲအတွင်း စစ်သောၤ ၃ စီးပစ်မြှု့ပ်တဲ့ မှတ်တမ်းဓာတ်ပုံတွေ AA ထုတ်ပြန်...

- ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့အခြေစိုက် စစ်ကောင်စီအခြေစိုက်တပ်စခန်းတွေနဲ့ ထောက်ပို့တံတားတွေကို ဝင်ရောက်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဖက်က ၇၀ ခန့်အထိ သေဆုံးတယ်လို့ အမှတ် ( ၂ ) စစ်ဒေသခွဲ၊ တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်...

- စစ်ကိုင်းတိုင်း ကောလင်းမြို့မှာ တိုက်ပွဲပြင်းထန်နေဆဲ...

- ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်က ဆင်ဘိုမြို့ကို (KIA) က သိမ်းပိုက်...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More