Thursday, February 22, 2024

“ပုဏ္ဏားကျွန်း မြို့မရဲစခန်းကို AA သိမ်းပိုက်... ထားဝယ်-ထီးခီးလမ်းမှာ စစ...


“ပုဏ္ဏားကျွန်း မြို့မရဲစခန်းကို AA သိမ်းပိုက်... ထားဝယ်-ထီးခီးလမ်းမှာ စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရ... နောက်ဆုံးရ တိုက်ပွဲသတင်းများ” (၂၃- ၂- ၂၀၂၄) ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ မြို့မရဲစခန်းကို ဖေဖေါ်ဝါရီ ၂၂ ရက်မှာ သိမ်းပိုက်လိုက်ပြီလို့ AA ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် အရင်နေ့က ကာကင်းတွေကို သိမ်းပိုက်ပြီးဖြစ်တဲ့ မင်းပြားမြို့၊ ကမ်းနီရွာအနီးရှိ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို ၅ ရက်မြောက်နေ့အဖြစ် ဆက်လက် ထိုးစစ်ဆင်နေတယ်လို့ ကြေညာချက်က ဆိုပါတယ်။ တချိန်တည်းမှာပဲ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောရှိ စစ်စခန်း၊ ဗျူဟာ၊ တပ်ရင်း၊ တပ်မဌာနချုပ်တွေကို အပြီးသိမ်းပိုက်နိုင်ရေး ဆက်လက် ထိုးစစ်ဆင်နေတယ်လို့ AA က ပြောပါတယ်။ စစ်ကောင်စီဖက်ကတော့ ပြီးခဲ့တဲ့ရက်တွေက ဆေးရုံ၊ ဈေးတွေကို ဗုံးကြဲခဲ့တဲ့ ရမ်းဗြဲမြိုံ့ကို ဒီနေ့မှာလည်း ဗုံးထပ်ကြဲနေတယ်။ ဒါ့အပြင် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့ လူနေရပ်ကွက်တွေကိုလည်း စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ဒ့ါအပြင်... - ဟိုပုံးမြို့နယ်မှာ စစ်ကောင်စီ-ပြည်သူ့စစ် ပူးတွဲအဖွဲ့နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) တို့တိုက်ပွဲဖြစ်ပြီး ၆၀ မမ တလက်နဲ့ လက်နက်ငယ် ၄ လက် သိမ်းမိ... - ထားဝယ်-ထီးခီးလမ်းအတိုင်း ကား ၁၇ စီး၊ အင်အား ၃၀၀ ခန့်နဲ့ချီတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသခံတော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီဖက်က ဒါဇင်နဲ့ချီသေဆုံးပြီး ၆၀ မမ ၃ လက်အပါဝင် လက်နက်မျိုးစုံ ၃၀ ခန့် သိမ်းမိ... ...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။ (သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More