Sunday, February 25, 2024

“ရမ်းဗြဲက စစ်ကောင်စီတပ်ကို AA ချေမှုန်း... ကလေးမြို့နယ်က စခန်းအချို့ PDF...


“ရမ်းဗြဲက စစ်ကောင်စီတပ်ကို AA ချေမှုန်း... ကလေးမြို့နယ်က စခန်းအချို့ PDF သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၂၆- ၂- ၂၀၂၄)

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ဆီ ရဟတ်ယာဉ်နဲ့ စစ်ကူလာချတဲ့ စစ်ကောင်စီတပ်ကို AA ရက္ခိုင့်တပ်တော်က တိုက်ခိုက်ချေမှုန်းတဲ့အတွက် စစ်ကောင်စီဖက်က ၆၀ ကျော်သေဆုံးပြီး၊ အလောင်းတွေ လက်နက်ခဲယမ်းတွေအများအပြား သိမ်းမိထားတယ်လို့ AA က သတင်းထုတ်ပြန်ပါတယ်။

လေကြောင်းကနေ နေစဉ်ဗုံးကြဲနေတဲ့ ရမ်းဗြဲမြို့ထဲကို ဖေဖော်ဝါရီလ (၂၄) ရက်နေ့မှာ ရဟတ်ယာဉ် (၄) စီးနဲ့ (၇) ကြိမ်အထိသယ်ယူပြီး စစ်ကူအင်အား (၁၂၀) ခန့်ရောက်လာတယ်။ အဲဒီထဲက ၆၀ ခန့်ကို ချေမှုန်းနိုင်ခဲ့ပြီး ကျန်တဲ့စစ်သားတွေကို ဆက်လက် ချေမှုန်းနေတယ်လို့ AA က ပြောပါတယ်။

အခုရောက်လာတဲ့တပ်တွေဟာ ကျုံပျော်မြို့အခြေစိုက် ခလရ (၃၆) တပ်ရင်းနဲ့ အမ်းမြို့အခြေစိုက် ခမရ (၃၇၃)က လက်ကျန်အင်အားတွေဖြစ်တယ်လို့ဆိုပါတယ်။

တချိန်တည်းမှာပဲ မင်းပြားမြို့၊ ကမ်းနီရွာအနီးရှိ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို (၈)ရက်မြောက်နေ့အဖြစ် ဆက်လက်ထိုးစစ်ဆင်နေတယ်။ ပုဏ္ဏားကျွန်းမြို့က ခမရ (၅၅၀) တပ်ရင်းဌာနချုပ်ကိုလည်း ဆက်လက် ထိုးစစ်ဆင်နေတယ်လို့ AA က ပြောပါတယ်။

မောင်တောမြို့မြောက်ဖက်ရှိ ကြိမ်ချောင်း၊ တောကျောင်း စတဲ့စခန်းတွေကိုလည်း
ဖေဖော်ဝါရီလ (၂၅) ရက် မနက်မှာ စတင်ထိုးစစ်ဆင်နေပြီး ဘူးသီးတောင်မြို့နယ်၊
သရဖီကျေးရွာအနီးရှိ ခမရ ( ၅၅၂) ကိုလည်း ဖေဖော်ဝါရီလ (၂၄) ရက်မှာ
စတင်ထိုးစစ်ဆင်နေတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- စစ်ကိုင်းတိုင်း ကလေးခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို ဒေသခံတော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်ပြီး လက်နက် ၁၀ ကျော်ရရှိတယ်လို့ အမှတ် (၁) စစ်ဒေသက သတင်းထုတ်ပြန်...

- ဟိုပုံးမြို့နယ်၊ လွယ်ဝိုးတုတ်ရွာကို စစ်တပ်က ဗုံးကြဲတဲ့အတွက် နေအိမ် ၈ လုံး မီးလောင်ပျက်စီး...

- မွန်-တနသာင်္ရီနယ်စပ် မလွှဲတောင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ပေါင်းစုက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More