Tuesday, February 6, 2024

“တနိုင်ငံလုံးရှိ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ နွေဦးတော်လှန်ရေးဘက် တိမ...


“ကရင်ရဲ့ထူးခြားမှူတင် မကဘူး၊ တနိုင်ငံလုံးရှိ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ နွေဦးတော်လှန်ရေးဘက် တိမ်းညွတ်မှုဖြစ်တယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၆- ၂- ၂၀၂၄)

“ကရင်နယ်ခြားစောင့်တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ချစ်သူက -မြန်မာစစ်တပ်ဆီက အထောက်အပံံ့မယူတော့ပဲ သီးခြားရပ်တည်မယ်၊ ကရင်အချင်းချင်းမတိုက်ချင်ဘူး- လို့ ပြောလိုက်တဲ့အချက်ဟာ ကရင်ရဲ့ထူးခြားမှုတင်မကပဲ တနိုင်ငံလုံးရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ နွေဦးတော်ရေးဘက် တိမ်းညွတ်မှုဖြစ်တယ်၊ စစ်ကောင်စီအပေါ် အယုံအကြည်မရှိတော့တဲ့ သဘောဖြစ်တယ်” လို့ စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

NCA လမ်းကြောင်းအတိုင်းသွားနေတဲ့ PNLO က စစ်ကောင်စီကို ပြန်တိုက်တာ၊ ကရင်နယ်ခြားစောင့်အဖွဲ့က စစ်ကောင်စီသြဇာခံ မလုပ်တော့ဘူးလို့ပြောလာတာ...စသဖြင့် ၂၀၂၄ ရဲ့ ပထမ လအတွင်း ထူးခြားချက်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုပြောခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ...

- စစ်ကောင်စီ ၆ လ သက်တန်းတိုးတာ ဘာထူးလဲ...

- PNLO အဖွဲ့ နွေဦးတော်လှန်ရေးထဲပါလာခြင်းနှင့် သမိုင်းကြောင်းနောက်ခံများ...

- ကရင်နယ်ခြားစောင့်တပ်က စစ်ကောင်စီသြဇာခံမလုပ်တော့ဘူးလို့ကြေညာခြင်းရဲ့ အကျိုးဆက်က ဘယ်အထိသွားနိုင်သလဲ...

...စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စစ်ကောင်စီပြုတ်ကျပြီးမှ နိုင်ငံသစ်အကြောင်းပြောသင့်သလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More