Wednesday, February 28, 2024

''တမူးမြို့နယ်က စစ်ကောင်စီစခန်းကို PDF သိမ်းပိုက်... ထားဝယ်မြို့နယ်က စစ်...


“တမူးမြို့နယ်က စစ်ကောင်စီစခန်းကို PDF သိမ်းပိုက်... ထားဝယ်မြို့နယ်က စစ်ဆေးရေးဂိတ်ကို PDF ဝင်တိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၂၉ -၂-၂၀၂၄)

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်နဲ့ တမူးမြို့နယ်အကြားရှိ ကမ္ဘာလုံးစေတီမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ရှမ်းနီပြည်သူ့စစ် ( SNA) စခန်းကို ဒေသခံ PDF တွေက သိမ်းပိုက်ပြီး လက်နက်ငယ် (၅) လက်ရရှိတယ်လို့ အမှတ် (၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီနဲ့ ပြည်သူ့စစ် အင်အား ၆၀ ကျော်တပ်စွဲထားတဲ့ အဲဒီစခန်းကို ဖေဖေါ်ဝါရီ ၂၅ နဲ့ ၂၆ ရက်တို့မှာ တိုက်ခိုက်သိမ်းပိုက်တာဖြစ်ပြီး စစ်ကောင်စီဖက်က ၄ ဦးသေ၊ လက်နက်ငယ် ၅ လက်နဲ့ခဲယမ်းတွေ သိမ်းမိတယ်လို့ဆိုပါတယ်။

စစ်ကောင်စီဖက်က လေကြောင်းပစ်ကူ သုံးနေတဲ့ကြားကနေ စခန်းကိုရအောင် သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီတိုက်ပွဲမှာ ပါဝင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကတော့ တမူးခရိုင် ကွပ်ကဲရေး၊ တမူးခရိုင် တပ်ရင်း(၁)၊ တပ်ရင်း (၂)နဲ့ KNA(B) ပူးပေါင်းအဖွဲ့တို့ဖြစ်ပါတယ်။ ဒ့ါအပြင် အထူးလှုပ်ရှား တပ်ရင်း(၄)ကလည်း စစ်ကောင်စီ လမ်းကြောင်းပိတ်ဆို့ရေးကို တာဝန်ယူခဲ့တယ်လို့ အမှတ် (၁) စစ်ဒေသ ထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။

ဒါ့အပြင်...

- ကချင်ပြည်နယ်၊ ဟိုပင်မြို့အရှေ့ဘက် နန့်ရင်းရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဟိုပင် PDF က ကြားဖြတ်တိုက်ခိုက်...

- တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ၊ နည်းပညာတက္ကသိုလ် (ထားဝယ်) အနီးရှိ ဘုရားမဲစစ်ဆေးရေးဂိတ်ကို ဗထူးတပ်မတော် - BHA က ဝင်ရောက်တိုက်ခိုက်...

- ရှမ်းတောင်ဒေသ ဟိုပုံးမြိုနယ်မှာတော့ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲနဲ့ စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲလို့ ဘုန်းတော်ကြီးကျောင်း မီးလောင်ပျက်စီးခဲ့ရ...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More