Wednesday, February 7, 2024

“စစ်ကြောင်းအားလုံး နေပြည်တော်သို့ ပထမ၊ ကျန်တာ ဒုတိယ ထားသင့်ပါတယ်”


“စစ်ကြောင်းအားလုံး နေပြည်တော်သို့ ပထမ၊ ကျန်တာ ဒုတိယ ထားသင့်ပါတယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၇- ၂- ၂၀၂၄)

“စစ်အာဏာရှင်ပြုတ်ကျအောင် အရင်မတိုက်ပဲ လွတ်မြောက်ဒေသတခုချင်းစီအလိုက် အာဏာကိစ္စတွေကို ဦးစားပေးလာရင် နွေဦးတော်လှန်ရေးအားနည်းသွားနိုင်တယ်။ ဒါကြောင့် စစ်ကြောင်းအားလုံး နေပြည်တော်သို့ဆိုတဲ့ ဆောင်ပုဒ်ကို ပထမ ဦးစားပေးထားပြီး ကျန်တဲ့ကိစ္စတွေကို ဒုတိယနေရာမှာသာ ထားသင့်တယ်” လို့ စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်နေတဲ့ ညီနောင် ၃ ဖွဲ့က သူ့ဒေသအတွင်း စစ်ကောင်စီကင်းစင်အောင် အရင်လုပ်ပြီးမှ အုပ်ချုပ်ရေး-နိုင်ငံရေးကိစ္စတွေကိုပြောပေမယ့် အချို့ဒေသတွေမှာတာ့ စစ်ကောင်စီ ကင်းစင်အောင် မလုပ်နိုင်သေးခင် ဒေသဆိုင်ရာ အစိုးရအသစ်ဖွဲ့တာ၊ အုပ်ချုပ်ရေး-နိုင်ငံရေးဖက် ဦးစားပေးပြောလာတာတွေကြောင့် အချင်းချင်း ပွတ်တိုက်မှုဖြစ်လာနေတာတွေနဲ့ပတ်သက်ပြီး... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- ကရင်နဲ့ ရှမ်း ဒေသအတွင်း လက်နက်ကိုင်အဖွဲ့တွေကြား နားလည်မှုပြန်ရခြင်းက နွေဦးတော်လှန်ရေးအတွက် ဘယ်လိုအရေးပါသလဲ...

-  ညီနောင် ၃ ဖွဲ့တိုက်သလို စစ်ကောင်စီ ကင်းစင်အောင် အရင်လုပ်ပြီးမှ အာဏာကိစ္စပြောသင့်သလား... တိုက်နေရင်းနဲ့ တပြိုင်တည်းလုပ်သင့်သလား...

- စစ်ကြောင်းအားလုံး နေပြည်တော်သို့ဆိုတဲ့ မူကို ဘာကြောင့် ပထမ ဦးစားပေး ထားသင့်သလဲ...

...စတဲ့အကြောင်းအရာတွေကို ဆွေေးနွးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More