Thursday, February 29, 2024

“မောင်တောမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီအကျအဆုံးများ... ဖားကန့် တာမခံမှာ ...


“မောင်တောမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီအကျအဆုံးများ... ဖားကန့် တာမခံမှာ တိုက်ပွဲပြင်းထန်နေ... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁- ၃- ၂၀၂၄)

ရက္ခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ကြိမ်ချောင်း-ရန်အောင်ပြင်ကားလမ်းမှာ စစ်ကောင်စီတပ်နဲ့ AA ရက္ခိုင့်တပ်တော်တို့ ဖေဖော်ဝါရီ (၂၈) ရက်၊ ညနေ (၄) နာရီခွဲခန့်မှာ ရင်ဆိုင်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ အလောင်း ၇ လောင်းနဲ့ လက်နက်ခဲယမ်းများစွာ သိမ်းမိထားတယ်လို့ AA က သတင်းထုတ်ပြန်ပါတယ်။

အင်အား (၈၀) ပါ စစ်ကောင်စီစစ်ကြောင်းနဲ့  AA တပ်တွေကြား ၂ နာရီကျော်ကြာတိုက်ပွဲအပြီး အခုလို သိမ်းမိတာလို့ဆိုပါတယ်။

တချိန်တည်းမှာပဲ ပုဏ္ဏားကျွန်းမြို့ရှိ ခမရ (၅၅၀) တပ်ရင်း တစ်ခုလုံးသိမ်းနိုင်ရေးအတွက် စစ်ရှိန်မြှင့်နေတယ်။ စစ်ကောင်စီကလည်း စခန်းမကျဆုံးရေးအတွက် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများစွာသုံးပြီး အသည်းအသန်ခုခံနေတယ်။ ဒါပေမယ့် သိမ်းနိုင်ဖို့လက်တကမ်းပဲ လိုတော့တယ်လို့ AA က ပြောပါတယ်။

AA ရဲ့အစောပိုင်းထုတ်ပြန်ချက်တခုမှာတော့ စစ်ကောင်စီရဲ့ ရေတပ်သင်္ဘောကနေ စစ်တွေမြို့ ကိုရီးယားဆိပ်ကမ်းဈေးကို လက်နက်ကြီးနဲ့ပစ်တဲ့အတွက် အရပ်သား ၁၂ ဦးသေဆုံးပြီး ၈၀ ခန့်ဒဏ်ရာရတယ်လို့ဖေါ်ပြထားပါတယ်။
 
ဖေဖော်ဝါရီလ ၂၉ ရက် မနက် ၈ နာရီခန့်မှာ စစ်ကောင်စီရေတပ်က အခုလိုပစ်ခတ်တာဖြစ်ပြီး ဒီဒေသမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲနဲ့ အရပ်သားတွေကို တမင်ပစ်တာဖြစ်တယ်လို့ AA က ပြောပါတယ်။

စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ  ရှုံးနိမ့်မှုကို လက်မခံနိုင်ဘဲ အရှက်ရ ဒေါသအမျက်ထွက်ပြီး  လူမျိုးရေးအမုန်းတရားတွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို တိုးပြီးလုပ်လာတောတွေ့ရတယ်။ ဒါကို နိုင်ငံတကာက တားဆီပေးဖို့လိုတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒ့ါအပြင်...

- မုံရွာ- မန္တလေး ကားလမ်းပေါ်က စစ်ကောင်စီယာဉ်တန်းကို ဒေသခံတော်လှန်ရေးတပ်တွေက ၄ ကြိမ် မိုင်းခွဲတိုက်ခိုက်တဲ့အတွက် စစ်ကောင်စီဖက်က အနည်းဆုံး ၄ ဦးသေဆုံး...

- ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က တာမခံစခန်းမှာ KIA တပ်ပေါင်းစုနဲ့ စစ်ကောင်စီအကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီဖက်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးတွေနဲ့ အသည်းအသန်ခုခံနေ...

- ရှမ်းမြောက်ဒေသမှာ မြောက်ပိုင်းညီနောင် ၃ ဖွဲ့နဲ့အတူ တိုက်ပွဲဝင်ခဲ့တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း(၈) က တပ်ဖွဲ့ဝင်တွေ ကရင်နီဒေသကို ပြန်ရောက်လာတဲ့အတွက် ဒေသခံတွေက အခမ်းအနားနဲ့ကြိုဆို...

- မွန်ပြည်လွတ်မြောက်ရေးတပ်တော် - Mon Liberation Army (M.L.A) ကလည်း သူတို့ရဲ့ ရဲဘော်၊ ရဲမေတွေဟာ ေုမြာက်ပိုင်းညီနောင်အဖွဲ့တခုဖြစ်တဲ့ T.N.L.A ထံမှာ စစ်ပညာသင်ယူခဲ့ကြပြီး အခု မွန်ဒေသကို ပြန်ရောက်နေပြီလို့ မှတ်တမ်းဓာတ်ပုံတွေထုတ်ပြန်...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More