Wednesday, February 21, 2024

“အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းရဲ့ ကာကင်းစခန်းတွေကို AA ...


“အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းရဲ့ ကာကင်းစခန်းတွေကို AA သိမ်းပိုက်၊ ပင်လယ်ဘူးနဲ့ တန့်ဆည်ဖက်မှာ PDF က စခန်းသိမ်း... နောက်ဆုံးရ တိုက်ပွဲသတင်းများ” (၂၂- ၂- ၂၀၂၄) ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ ကမ်းနီရွာအနီးရှိ စစ်ကောင်စီရဲ့ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို ရက္ခိုင့်တပ်တော် AA က ၄ ရက်မြောက်နေ့အဖြစ် ဆက်လက်တိုက်ခိုက်နေတယ်လို့ AA က သတင်းထုတ်ပြန်ပါတယ်။ ကာကင်းစခန်း (၃) ခုနဲ့ အရေးပါတဲ့ နေရာတစ်ခုကို သိမ်းပိုက်ရရှိထားပြီးဖြစ်ပေမယ့် စခန်းတခုလုံးသိမ်းနိုင်ရေးအတွက် အာရက္ခစစ်သည်တွေက ရွပ်ရွပ်ချွံချွံ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်တယ်လို့ AA က ပြောပါတယ်။ တချိန်တည်းမှာပဲ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့ရှိ စစ်ကောင်စီရဲ့ စစ်စခန်း၊ ဗျူဟာ၊ တပ်ရင်း၊ တပ်မဌာနချုပ်တွေကို အပြီးသတ် သိမ်းပိုက်ရယူရေးအတွက် AA က ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။ အရင်နေ့က ဗုံးကြဲမှုကြောင့် ဆေးရုံနဲ့ဈေးအပါဝင် ပျက်စီးမှုများခဲ့ရတဲ့ ရမ်းဗြဲမြို့ကို မနေ့ကလည်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုဆက်လုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ဒါ့အပြင်... - ကရင်နီပြည် မြို့တော် လွိုင်ကော်ကို စစ်တပ်က မီးလောင်ဗုံးတွေကြဲချတဲ့အတွက် အရပ်သားနေအိမ်အများအပြား မီေးလာင်ပျက်စီးခဲ့ရတယ်လို့ KNDF က သတင်းထုတ်ပြန်... - ရှမ်းတောင်ဒေသ ဟိုပုံးမြိုနယ်မှာ စစ်ကောင်စီ-ပြည်သူ့စစ်တွေနဲ့ (PNLA)တို့ တိုက်ပွဲဖြစ်ပြီး ပြည်သူ့စစ် အလောင်း ၅ လောင်းနဲ့ လက်နက်ငယ် ၄ လက် သိမ်းဆည်းရမိတယ်လို့ PNLA က ပြောဆို... - စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ ရဲခစန်းအပါဝင် စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေကို PDF တော်လှန်ရေးတပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်... - စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာရှိ ရဲစခန်းနဲ့ စစ်ကောင်စီစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်... - တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ် မင်းဂုတ်ကျေးရွာနဲ့ ရတောင်ကျေးရွာရှိ စစ်ကောင်စီနဲ့ ပျုစောထီးစခန်းတွေကို ဒေသခံ PDF တွေက ဝင်ရောက်တိုက်ခိုက်... ...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။ (သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More