Saturday, February 10, 2024

“ပင်လုံစာချုပ်ပါ အချက်တွေအတိုင်း လေးစားလိုက်နာဆောင်ရွက်သွားဖို့လိုပါတယ်”



“ပင်လုံစာချုပ်ပါ အချက်တွေအတိုင်း လေးစားလိုက်နာဆောင်ရွက်သွားဖို့လိုပါတယ်”

- ဦးအောင်ထူး (လူ့အခွင့်အရေးရှေ့နေ - ဥပဒေအထောက်ပြုအဖွဲ့ တည်ထောင်သူ)

(၁၀ - ၂- ၂၀၂၄)

“ပြည်နယ်တွေပေါ်အခြေခံတဲ့ အနာဂတ်ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုရင် ပင်လုံစာချုပ်ပါအချက်တွေအတိုင်း လေးစားလိုက်နာဆောင်ရွက်သွားဖို့လိုတယ်၊ အခုချိန်ဟာ စစ်ကောင်စီနဲ့ ဆွေးနွေးရေး စဉ်းစားရမယ့်အချိန်မဟုတ်ဘူး” လို့ ဥပဒေအထောက်အကူပြုအဖွဲ့တည်ထောင်သူ လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးက ပြောပါတယ်။

မနက်ဖန် နေပြည်တော်မှာကျင်းပဖို့ပြင်နေတဲ့ ၇၇ နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားဟာ ဟန်ရေးပြသက်သက်လား၊ တကယ့်ပြည်ထောင်စုဆိုတာ ဘာလဲ၊ အခုအသစ်ပေါ်လာနေတဲ့ လွတ်မြောက်နယ်မြေတွေကနေ ပြည်ထောင်စုသစ်ကို ဘယ်လိုတည်ဆောက်ကြမလဲ ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော်မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက် ပထမပိုင်းမှာ...

- နေပြည်တော်က ပြည်ထောင်စုနေ့ဟာ အနှစ်သာရမပါတဲ့ ဟန်ရေးပြသက်သက်လား...

- လွတ်မြောက်နယ်မြေအသစ်တွေ ပေါ်လာတဲ့အတွက် ခွဲထွက်မှာကို စိုးရိမ်သင့်သလား...

- ပင်လုံစာချုပ်ပါ ပြည်နယ်တွေရဲ့အခွင့်အရေးကို ဗမာကြီးစိုးတဲ့ ပြည်ထောင်စု အစိုးရအဆက်ဆက်က ဘာကြောင့် အလေးအနက်မထားခဲ့တာလဲ...

- အခုချိန်ဟာ  စစ်ကောင်စီနဲ့ ဆွေးနွေးရေး စဉ်းစားသင့်တဲ့အချိန် ဟုတ်ရဲ့လား...

...စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စစ်ကောင်စီအလွန် အနာဂတ်ပြည်ထောင်စု ဘယ်လိုပုံစံဖြစ်သင့်သလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ထုတ်လွှင့်ပါမယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More