Saturday, February 17, 2024

''ထိုင်းကို သွားမယ့်အစား တော်လှန်ရေးတပ်တွေဆီ သွားတာကို ဦးစားပေးသင့်ပါတယ်”


“ထိုင်းကို သွားမယ့်အစား တော်လှန်ရေးတပ်တွေဆီ သွားတာကို ဦးစားပေးသင့်ပါတယ်”

- ဦးမိုးကြိုး (ဥက္ကဌ - မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ - JACBA)

(၁၇- ၂- ၂၀၂၄)

“စစ်ကောင်စီက ပြဌဏ်းလိုက်တဲ့ စစ်မှူထမ်းဥပဒေကြောင့် အသက် ၁၈ နဲ့ ၃၅ နှစ်ကြား လူငယ်အတော်များများ အိမ်နီးချင်းထိုင်းနိုင်ငံဆီ ထွက်ပြေးလာတာကို နားလည်ပါတယ်။ ဒါပေမယ့် ထိုင်းကိုထွက်မယ့်အစား တော်လှန်ရေးတပ်တွေရှိရာ PDF စခန်းတွေဆီသွားတာကို ပထမ ဦးစားပေးစဉ်းစားသင့်တယ်” လို့ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ - (JACBA) ဥက္ကဌ ဦးမိုးကြိုးက ပြောပါတယ်။

ဖေဖေါ်ဝါရီ ၁၀ ရက်နေ့မှာ စစ်ကောင်စီက ပြဌဏ်းလိုက်တဲ့ စစ်မှူးမထမ်းမနေရ ဥပဒေကြောင့် လူငယ်တွေ ထောင်နဲ့ချီပြီး ထိုင်းနိုင်ငံကို နည်းမျိုးစုံနံ့ထွက်ပြေးလာနေတဲ့အခြေအနေ၊ ထိုင်းလူငယ်တွေက စစ်ထဲဝင်ချင်လွန်းလို့ တန်စီစောင့်နေရတဲ့အချိန်မှာ မြန်မာလူငယ်တွေက စစ်ထဲမဝင်ချင်လို့ တိုင်းပြည်ကနေ ထွက်ပြေးနေတာ ဘာကြောင့်လဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...

- စစ်ကောင်စီတပ်မှာ စစ်မှူမထမ်းချင်လို့ ထိုင်းဖက်ထွက်ပြေးတဲ့ လူငယ်တွေ ဘယ်လောက်များများ ဖမ်းဆီးခံထားရသလဲ...

- ထိုင်းလူငယ်တွေက စစ်တပ်ထဲဝင်ချင်လွန်းလို့ တန်းစီစောင့်နေကြချိန်မှာ မြန်မာလူငယ်တွေက စစ်တပ်ထဲမဝင်ချင်လို့ တိုင်းပြည်ကနေ ထွက်ပြေးနေတာ ဘာကြောင့်လဲ...

- စစ်မှူထမ်းဥပဒေကို စစ်ကောင်စီက ပြန်ပြင်နိုင်ခြေရှိသလား... လူငယ်တွေကပဲ ကိုယ့်လမ်းကိုရွေးရတော့မလား...

...စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More