Monday, February 19, 2024

“ပဲရွန်းတောင်စခန်းကို AA သိမ်းပိုက်၊ စီခမ်းကြီးခစန်းကို KIA သိမ်းပိုက်.....



“ပဲရွန်းတောင်စခန်းကို AA သိမ်းပိုက်၊ စီခမ်းကြီးခစန်းကို KIA သိမ်းပိုက်...နောက်ဆုံးရ တိုက်ပွဲသတင်းများ” (၂၀- ၂- ၂၀၂၄) ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ “စီခမ်းကြီးစခန်း” ကို ဖေဖော်ဝါရီလ (၁၉) ရက်၊ ညနေ (၅) နာရီ (၄၅) မိနစ်မှာ တော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ၁၀၂၇ စစ်ဆင်ရေး (၁၁၆) ရက်မြောက်နေ့ ကြေညာချက်မှာဖေါ်ပြပါတယ်။ ဒီစခန်းသိမ်းနိုင်ရေးအတွက် ဖေဖော်ဝါရီလ (၁၇) ရက်၊ မနက် (၅) နာရီမှာ စတင်ထိုးစစ်ဆင်ပြီး မဟာမိတ် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ရခိုင့်တပ်တော် AA နှင့် အခြားသောဒေသခံ မိတ်ဖက်တော်လှန်ရေးအဖွဲ့တွေ ပါဝင်တိုက်ခိုက်တယ်လို့ ကြေညာချက်က ဆိုပါတယ်။ “မဆုတ်တမ်းခံစစ်” ဖြစ်တဲ့ အဲဒီစခန်းကို ကာကွယ်ရေးအတွက် စစ်ကောင်စီက မရပ်မနား၊ အဆက်မပြတ် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ကူအမြောက်အမြားကြားထဲကနေ တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ဖေါ်ပြပါတယ်။ တိုက်ပွဲအပြီးမှာ စစ်ကောင်စီဖက်က အလောင်းတွေ၊ လက်နက်ခဲယမ်းတွေ သိမ်းမိပြီး တော်လှန်ရေးတပ်သားတွေဖက်ကလည်း ပေးဆပ်မှုအချို့ရှိခဲ့တယ်။ အသက်ပေးဆပ်စွန်လွှတ်ခဲ့ရသော စစ်သည်တော်များနှင့် ထူးချွန်ပြောင်မြောက်စွာတိုက်ပွဲဝင်နိုင်ခဲ့သော တပ်ဖွဲ့ဝင်များအားလုံးကို လေးနက်စွာဂုဏ်ပြုအပ်ပါတယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ တချိန်တည်းမှာပဲ ရခိုင်ဒေသမှာလည်း မောင်တောမြို့နယ်၊ ပဲရွန်းတောင် (ပဲရမ်းတောင်) ရှိ စစ်ကောင်စီစခန်းကို AA ရခိုင့်တပ်တော်က ဖေဖော်ဝါရီလ (၁၉) ရက်) မနက် (၇) နာရီခန့်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ညနေ (၄) နာရီခွဲမှာ စခန်းတစ်ခုလုံးကို သိမ်းပိုက်ရယူနိုင်ခဲ့တယ်လို့ AA က ပြောပါတယ်။ စစ်ကောင်စီဖက်က ဂျက်တိုက်လေယာဉ်ဖြင့် (၃) ကြိမ်တိုင် လာရောက်ပစ်ခတ်တဲ့ကြားက သိမ်းပိုက်လိုက်တာဖြစ်ပြီး စစ်ကောင်စီအလောင်း ၁၀ ကျော်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းမိတယ်လို့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။ ဒါ့အပြင်... - စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်းမြို့နယ်တို့မှာတော့ စစ်ကောင်စီဖက်က ခုခံစစ်နှင့် ခွာစစ်ပြင်နေတာတွေ့ရ... - စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အရပ်သားတွေကို အတင်းအကျပ်စစ်ဆေးမှုလုပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒေသခံ PDF တွေက ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်ငယ် ၂ လက် သိမ်းမိ... - ပဲခူးတိုင်း၊ မင်းလှမြို့နယ် ခါချဉ်တောင်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဒေသခံ PDF တွေက ၄ ကြိမ်ဆက်တိုက် ကြားဖြတ်တိုက်ခိုက်မှုလုပ်... ...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။ (သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်



0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More