Saturday, February 10, 2024

“မင်းပြားကို စစ်ကောင်စီက ဗုံးကြဲ၊ ဇရပ်ကြီးမြို့မှာ လက်နက် ခဲယမ်းတွေသိမ်း...


“မင်းပြားကို စစ်ကောင်စီက ဗုံးကြဲ၊ ဇရပ်ကြီးမြို့မှာ လက်နက် ခဲယမ်းတွေသိမ်းမိ... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁၀ -၂ - ၂၀၂၄)

ရက္ခိုင့်တပ်တော် AA က အလုံးစုံထိန်းချုပ်ထားပြီးဖြစ်တဲ့ မင်းပြားမြို့ကို စစ်ကောင်စီတပ်က ရေကြောင်း၊ လေကြောင်းကနေ လက်နက်ကြီးတွေနဲ့ တနေကုန် ပစ်ခတ်ခဲ့တဲ့အပြင် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကြည်းတပ်ကလည်း လက်နက်ကြီးနဲ့ လှမ်းပြီး ပစ်ခတ်ခဲ့တယ်လို့ ၁၀၂၇ စစ်ဆင်ရေး (၁၀၇) ရက်မြောက်နေ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ဒါ့အပြင် ရမ်းဗြဲမြို့ကိုလည်း ရေတပ်၊ လေတပ်တို့က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။  စစ်ကောင်စီတပ်ဟာ မြေပြင်မှာ မယှဉ်နိုင်တဲ့အတွက် ရေကြောင်း၊ လေကြောင်းကို အသုံးများလာပြီး အရပ်သားတွေကို တမင်ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်တယ်လို့ ညီနောင် ၃ ဖွဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ 

ဒါ့အပြင်...

- ဆီဆိုင်ဒေသမှာ စစ်ရေးအခြေအနေရှုပ်ထွေးနေတဲ့အတွက် အများပြည်သူသုံး လမ်းအချို့ကို ယာယီပိတ်ထားမယ်လို့  (PNLA) က ကြေညာ...

- ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ တိုက်ပွဲကနေ လက်နက်၊ ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့  တော်ဝင်ဒေါင်းစစ်ကြောင်း Royal Peacock Column က သတင်းထုတ်ပြန်..

- စစ်ကိုင်းတိုင်း ကောလင်းမြို့မှာတော့ စစ်ကောင်စီနဲ့ PDF တွေကြား တိုက်ပွဲဆက်ဖြစ်နေပြီး ကောလင်းမြို့ကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားဆဲ...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More