Friday, February 23, 2024

“မောင်တောမြို့၊ ရန်အောင်ပြင် ကင်းစခန်းကို AA သိမ်းပိုက်... ဘဝတူတွေနဲ့အတူ...


“မောင်တောမြို့၊ ရန်အောင်ပြင် ကင်းစခန်းကို AA သိမ်းပိုက်... အဖိနှိပ်ခံ ဘဝတူတွေနဲ့အတူရပ်တည်သွားမယ်လို့ SSPP ကြေညာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၂၄- ၂- ၂၀၂၄)

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ရန်အောင်ပြင် ကင်းစခန်းကို ဖေဖော်ဝါရီလ (၂၃) ရက်၊ မနက် (၇) နာရီခွဲခန့်မှာ ထိုးစစ်ဆင်ပြီး နေ့လယ် (၁၂) နာရီ (၁၅) မိနစ်မှာ စခန်းတခုလုံးကို သိမ်းလိုက်ပြီဖြစ်တယ်လို့ AA ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်ပါတယ်။

တချိန်တည်းမှာပဲ မင်းပြားမြို့မှာ တခုတည်းကျန်နေတဲ့ ကမ်းနီရွာအနီးက အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို ၆ ရက်မြောက်နေ့အဖြစ် ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ AA က ပြောပါတယ်။

ဒါ့အပြင် တနေ့က မြို့မရဲစခန်းကို သိမ်းပြီးဖြစ်တဲ့ ပုဏ္ဏားကျွန်းမြို့မှာ ကျန်နေတဲ့ ခမရ (၅၅၀) ကိုလည်း AA က ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဖက်ကတော့ အရင်နေ့တွေက ဗုံးကြဲခဲ့တဲ့ ရမ်းဗြဲမြို့ကို မနေ့ကလည်း လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုဆက်လုပ်ခဲ့တယ်လို့ ကြေညာချက်မှာဖေါ်ပြပါတယ်။

ရက္ခိုင့်တပ်တော်အနေနဲ့ကတော့ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မင်းပြားမြို့တွေမှာ ကျန်နေသေးတဲ့ စစ်ကောင်စီ စစ်စခန်းတွေကို ဆက်လက် သိမ်းပိုက်သွားမှာဖြစ်တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ စီခမ်းကြီးစခန်းကို ရှင်းလင်းရေးလုပ်စဉ် လက်နက်မျိုးစုံ ရာနဲ့ချီရရှိ...

- ရွှေကူမြို့နယ်၊ မြို့လှမြို့ရှိ စစ်ကောင်စီရဲ့ ဗျူဟာကုန်းက စစ်သားတွေ စခန်းကိုစွန့်ခွာ ထွက်ပြေး...

- မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တာဝန်ရှိသူတွေ ပထမ ဆုံးအကြိမ် တွေ့ဆုံဆွေးနွေး...

- ဖိနှိပ်ခံဘဝတူ တော်လှန်ရေးအဖွဲ့တွေနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ SSPP/ SSA (ရှမ်းပြည်တိုးတက်ရေးပါတီ- ရှမ်းပြည်တပ်မတော်)က သဘောထားထုတ်ပြန်...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More