“ရသေ့တောင်မြို့နယ်ရှိ နယ်ခြားစောင့်ရဲစခန်းကို AA သိမ်းပိုက်၊ ဘောလခဲမြို့က တပ်စခန်းကို ကရင်နီတပ်ပေါင်းစု သိမ်းပိုက်...နောက်ဆုံးရ တိုက်ပွဲသတင်းများ”
(၁၀- ၂- ၂၀၂၄)
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အငူမော်-မောင်တောကားလမ်းမဘေးရှိ “ကိုးတန်ကောက်နယ်ခြားစောင့်စခန်း” ကို ဖေဖေါ်ဝါရီ ၉ ရက် မနက် (၁၁) နာရီ (၄၅) မိနစ်မှာ AA ရခိုင့်တပ်တော်က အပြီးသိမ်းလိုက်ပြီဖြစ်တယ်လို့ ၁၀၂၇ စစ်ဆင်ရေး (၁၀၆) ရက်မြောက်နေ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။
၂ ရက်တာထိုးစစ်ဆင်ပြီးမှာ AA က အခုလို သိမ်းပိုက်လိုက်တာဖြစ်ပြီး စစ်ကောင်စီကတော့ မယူကမ်း၊ မင်းဖူး၊ ကျေးတပင် ...စတဲ့ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်တာ၊ လေယာဉ်နဲ့ဗုံးကြဲတာလုပ်ခဲ့တယ်လို့ ကြေညာချက်က ဆိုပါတယ်။
တချိန်တည်းမှာပဲ မောင်တောမြို့နယ်မြောက်ပိုင်းရှိ “ကြိမ်ချောင်း နယ်ခြားစောင့်စခန်း (သို့မဟုတ်) နခခ (၇)” ကို စတင်ထိုးစစ်ဆင်နေပြီလို့ AA က ပြောပါတယ်။
ဒါ့အပြင်...
- ကရင်နီပြည်၊ ဘောလခဲမြို့နယ်၊ ရွာသစ်မြို့နယ်ခွဲရှိ (ခမရ - ၁၁၂)ရဲ့ ၁၂ မိုင်စခန်းကုန်းကို ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (KPLA) ဦးဆောင်တဲ့ ပူးတွဲတပ်ဖွဲ့က သိမ်းပိုက်...
- ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့မှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာနေတယ်လို့ သတင်းရတဲ့အတွက် ကယ်ဆယ်ရေးအလုပ်တွေ ရပ်ထားရ..
- ကောလင်းမြို့ကို ထိုးစစ်ဆင်လာတဲ့ စစ်ကာင်စီတပ်ဆီကနေ လက်နက် ခဲယမ်းအချို့ကို PDF က သိမ်းမိ...
...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။
0 comments:
Post a Comment