Sunday, February 11, 2024

“ဖက်ဒရယ်ကို ပြောတာများတော့ ဒီမိုကရေစီအသံက ပျောက်နေတယ်၊ ဖက်ဒရယ်နဲ့ဒီမိုကရ...


“ဖက်ဒရယ်ကို ပြောတာများတော့ ဒီမိုကရေစီအသံက ပျောက်နေတယ်၊ ဖက်ဒရယ်နဲ့
ဒီမိုကရေစီကို ပေါင်းစပ်ဖို့လိုတယ်”

 ဦးအောင်ထူး (လူ့အခွင့်အရေးရှေ့နေ - ဥပဒေအထောက်ပြုအဖွဲ့ တည်ထောင်သူ)

(၁၂ - ၂- ၂၀၂၄)

“လက်ရှိကာလမှာ ဖက်ဒရယ်အကြောင်းပြောတာများတဲ့အတွက် ဒီမိုကရေစီအသံက
ပျောက်နေတယ်။ တကယ်က ဖက်ဒရယ်နဲ့ ဒီမိုကရေစီကိုပေါင်းစပ်ပြီး နိုင်ငံသစ်ဆီ
ဦးတည်ဖို့လိုတယ်” လို့ ဥပဒေအထောက်အကူပြုအဖွဲ့တည်ထောင်သူ လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးက ပြောပါတယ်။

နေပြည်တော်မှာ ဒီနေ့ကျင်းပနေတဲ့ ၇၇ နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားနဲ့
ရှေ့နှစ်မှာဖြစ်ပေါ်လာနိုင်တဲ့ ပြည်ထောင်စုနေ့အခမ်းအနား
ဘယ်လိုကွာခြားနိုင်သလဲ၊ အသစ်ပေါ်လာနေတဲ့ လွတ်မြောက်နယ်မြေတွေကနေတဆင့်
အနာဂတ်ပြည်ထောင်စုကို ဘယ်လိုပုံစံနဲ့ တည်ဆောင်သင့်သလဲ... စသဖြင့် BNN
သတင်းဌာနက ဦးထက်အောင်ကျော်မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက် ဒုတိယပိုင်းမှာ...

- မြန်မာနိုင်ငံနဲ့ကိုက်ညီတဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုပုံစံက ဘယ်လိုမျိုးလဲ...

- ဖက်ဒရယ်နဲ့ ဒီမိုကရေစီကို ဘယ်လိုပေါင်းစပ်မှာလဲ...

- ပြည်ထောင်စုသစ်အတွက် အခြေခံမူ ၅ ချက်က ဘာတွေလဲ...

...စတဲ့အချက်တွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More