Tuesday, February 13, 2024

“ရန်သူ နှစ်ဖက်ညှပ်ခံရမယ့်လမ်းကြောင်းကို စစ်ကောင်စီကိုယ်တိုင် ရွေးလိုက်တာပဲ”


“ရန်သူ နှစ်ဖက်ညှပ်ခံရမယ့်လမ်းကြောင်းကို စစ်ကောင်စီကိုယ်တိုင် ရွေးလိုက်တာပဲ”

ဗိုလ်ကြီးဟောင်း နေမျိုးဇင် (ဘက်ပြောင်းရေးအစီအမံ အုပ်ချုပ်ရေးကော်မီတီ - IEC)

(၁၃- ၂- ၂၀၂၄)

“စစ်မှူမထမ်းမနေရ ဥပဒေထုတ်ပြီး လူငယ်တွေကိုစစ်တပ်ထဲအတင်းသွင်းဖို့ပြင်တာဟာ ရန်သူအသစ်မွေးလိုက်တာဖြစ်တယ်။ ရှေ့တန်းမှာရင်ဆိုင်နေရတဲ့ လက်ရှိ တော်လှန်ရေးတပ်တွေအပြင် နောက်ကျောကနေရောက်လာမယ့် ခံပြင်းဒေါသထွက်နေတဲ့ လူငယ်တွေရဲ့ တိုက်ခိုက်မှုကိုပါ စစ်ကောင်စီခံသွားရနိုင်တယ်” လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ ဘက်ပြောင်းရေးအစီအမံ အုပ်ချုပ်ရေးကော်မီတီ ညွန်ကြားရေးမှူး ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ပြောပါတယ်။

စစ်ကောင်စီဥက္ကဌရဲ့ စစ်မှူမထမ်းမနေရ ဥပဒေထွက်လာတဲ့အပေါ် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားတာပါ။ 

ဒီလိုအခြေအနေမှာ စစ်ကောင်စီတပ်ထဲဝင်မလား၊ တော်လှန်ရေးထဲဝင်မလားဆိုတာ မေးနေစရာမလိုအောင် လူငယ်တွေသိထားပြီးဖြစ်တယ်။ ဒါပေမယ့် ဘယ်လိုမှ ရွေးမရပဲ အတင်းဖမ်းဆီးခေါ်လို့ တပ်ထဲရောက်သွားရင်တော့ အထဲကနေ ပြန်တော်လှန်တဲ့နည်းကို လူငယ်တွေ လုပ်ရမယ်လို့ သူကဆိုပါတယ်။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- စစ်ကောင်စိက တပ်သားသစ်စုမရတော့လို့ ဒီဥပဒေကို ထုတ်ပြန်တာလား...

- စစ်သားသစ်မရပဲ လူငယ်တွေကို တော်လှန်ရေးထဲဝင်ဖို့  တွန်းအားပေးသလို ဖြစ်သွားနိုင်သလား...

- အဖမ်းခံရလို့၊၊ အတင်းဖိအားပေးခံရလို့ တပ်ထဲဝင်သွားရတဲ့ လူငယ်တွေ ဘာလုပ်သင့်သလဲ...

...စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More