Sunday, March 31, 2024

“တပ်မ (၈၈) တပ်မမှူး Y 12 ဗုံးထိပြီး ကျဆုံး... ဖာပွန်မှာ KNLA က စခန်းတွေ ...


“တပ်မ (၈၈) တပ်မမှူး Y 12 ဗုံးထိပြီး ကျဆုံး... ဖာပွန်မှာ KNLA က စခန်းတွေ ထပ်သိမ်း... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁- ၄- ၂၀၂၄)

စစ်ကောင်စီရဲ့ တပ်မ (၈၈) တပ်မမှူး ဗိုလ်မှူးချုပ်-မင်းထွဋ်ဦးဟာ စစ်ကောင်စီ တိုက်လေယာဉ် Y12 က ကြဲတဲ့ ဗုံးထိပြီး ကျဆုံးသွားတာဖြစ်တယ်လို့ KIA ကချင်လွတ်လပ်ရေးတပ် ပြောခွင့်ရက BNN ကိုပြောပါတယ်။ 

မတ်လ ၂၉ မှာ KIA နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်နေစဉ် စစ်ကောင်စီ Y12 လေယာဉ်က ပစ်မှတ်ကိုအသေချာမရွေးပဲ ရမ်းသမ်းပစ်ခတ်တာကြောင့် ဗိုလ်မှူးချုပ် သေဆုံးရတာဖြစ်တယ်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြေပါတယ်။

လွယ်ဂျယ်မြို့ အခြေအနေကိုမေးတဲ့အခါမှာတော့ KIA က ဝင်တိုက်တာမရှိပဲ အရင်တိုင်းရှိနေဆဲဖြစ်တယ်လို့ပြောပါတယ်။ ဒါပေမယ့် လွယ်ဂျယ်-မိုးမောက်ကားလမ်းပေါ်က ယောယုံစခန်းအပါဝင် စခန်းကြီး-ငယ် ၁၀ ခုခန့်ကို KIA သိမ်းလိုက်ပြီဖြစ်တဲ့အတွက် လွယ်ဂျယ်နဲ့ မိုးမောက်ကြား စစ်ကောင်စီတပ်တွေ သွားလို့မရတော့ဘူးလို့ ဆိုပါတယ်။

ဒေသတွင်းမီဒီယာဖြစ်တဲ့  The 74 Media ကတော့ ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာမှာ မနေ့ညနေပိုင်းက စစ်ကောင်စီစစ်ကြောင်းတခုကို KIA က ကြားဖြတ်တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီဖက်က အကျအဆုံးများပြီး လက်နက်တွေပါ ကျန်ခဲ့တယ်လို့ ဖေါ်ပြပါတယ်။

ဒါ့အပြင်...

- ကရင်ပြည်နယ်၊ ဖာပွန်မြို့ရှိ ခလရ (၁၉) နဲ့ စစ်လက်နက်ပစ္စည်းတပ် (စစန) ၆၄၂ -တပ်စခန်းတွေကို KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ မဟာမိတ်တွေက ထပ်မံသိမ်းပိုက်...

- မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ဓမ္မသကျေးရွာက နေအိမ်အလုံး (၃၀၀) ဝန်းကျင် မီးလောင်အောင် လက်နက်ကြီးနဲ့ပစ်ခတ်တဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ လူသားမျိုးနွယ်အပေါ် ကျုုးလွန်တဲ့ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) က ကြေညာချက်ထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်း တင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More