Saturday, March 9, 2024

“တိုင်းဗဟို (၉)ကျောင်းက ဒု ဗိုလ်မှူးကြီးနဲ့အဖွဲ့ကို AA ချေမှုန်း... အရေ...


“တိုင်းဗဟို (၉)ကျောင်းက ဒု ဗိုလ်မှူးကြီးနဲ့အဖွဲ့ကို AA ချေမှုန်း...  အရေးပါတဲ့ ဗျုဟာစခန်းတွေကို KIA က ဆက်လက်သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁၀ -၃- ၂၀၂၄)

မင်းပြားမြို့၊ ကမ်းနီရွာအနီးရှိ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း အုပ်ချုပ်ရေးဌာနမှူး ဒု ဗိုလ်မှူးကြီး ရဲထွဋ်ဝင်းနဲ့အဖွဲ့ကို မတ်လ (၈) ရက်နေ့ မနက်ပိုင်းမှာ အသေဖမ်းမိတယ်လို့ AA ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်ပါတယ်။

အမှတ် (၉ ) လေ့ကျင့်ရေးကျောင်းကနေ ထွက်ပြေးသွားတဲ့ အုပ်ချုပ်ရေးဌာနမှူး ဒု ဗိုလ်မှူးကြီး ရဲထွဋ်ဝင်းနဲ့အဖွဲ့ဟာ အရပ်သား ၂၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်။ အဲဒီ ဓားစာခံတွေကို AA က ကယ်တင်နိုင်ခဲ့ပြီး စကစ ဗိုလ်မှူူးနဲ့အဖွဲ့ကို ချေမှုန်းနိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

စစ်ကောင်စီဖက်ကတော့ စစ်တွေရှိ စစ်စခန်းတွေကနေ ရသေ့တောင်မြို့အတွင်းသို့ လက်နက်ကြီးတွေနဲ့ပစ်ခတ်တဲ့အတွက် လူနေအိမ်တစ်ဆယ်ကျော် မီးလောင်ပျက်စီးခဲ့ရတယ်။ ဒါ့အပြင် ရမ်းဗြဲမြို့ကိုလည်း စစ်ကောင်စီက စစ်သဘောင်္ကနေ လက်နက်ကြီးနဲ့ပစ်တာ၊ ဂျက်တိုက်လေယာဉ်၊ Y-12 ၊ ရဟတ်ယာဉ်တို့နဲ့ဗုံးကြဲတာတွေ တနေကုန် လုပ်ဆောင်ခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ထားပါတယ်။

ကချင်ပြည်နယ်မှာတော့ မတ်လ ၇ ရက်နေ့မှာ စတင်တဲ့ စစ်ကောင်စီစခန်း ၁၀ ခုကျော်ကို တပြိုင်တည်းထိုးစစ်ဆင်တဲ့ စစ်ဆင်ရေးကို KIA ကချင်လွတ်လပ်ရေးတပ်နဲ့ မဟာမိတ်တွေက ဆက်လက်ဆောင်ရွက်နေပြီး လွိုင်ဇာဌာနချုပ်ကို ခြိမ်းခြောက်နေတဲ့ ဗျုဟာမြောက်စခန်းကြီးတခုကို မတ်လ ၉ ရက်နေ့မှာ သိမ်းနိုင်ခဲ့တယ်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက BNN ကို ပြောပါတယ်။

ဒါ့အပြင်... 

- အရင်သီတင်းပတ်တွေက အကြီးအကျယ်တိုက်ပွဲဖြစ်နေတဲ့ ဖားကန့်မြို့၊ တာမခန်အခြေစိုက် (ခ.မ.ရ) ၁၁၉ စခန်းကုန်းက အင်အား ၇၀ ခန့်ရှိ စစ်သားတွေအားလုံး စခန်းကိုစွန့်ခွာ ထွက်ပြေး...

- မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ရှိ ခြေမြန်တပ်ရင်း -ခမရ ၃၅၅ နဲ့ သင်္ဃန်းညီနောင် ရဲစခန်းတို့ကို ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ မဟာမိတ် PDF တပ်တွေက သိမ်းပိုက်...

- ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာတော့ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲနဲ့ စစ်ကောင်စီလေတပ်က ဗုံးလာကြဲတဲ့အတွက် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်အချို့ပျက်စီး...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More