“ERO တွေ တကယ်တိုက်ရင် စစ်တပ်ဘက်က လက်နက်ချမှုတွေ ဒီထက်ပိုမြင်လာရမယ်”
- လင်းထက်အောင် (CDM - တပ်မတော်အရာရှိ)
(၂၀ -၃- ၂၀၂၄)
“တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ERO တွေနဲ့ PDF တွေရဲ့ ပူးတွဲတိုက်ပွဲဖော်ဆောင်နိုင်မှု ပိုအရှိန်ကောင်းလေ စစ်တက်ဖက်က လက်နက်ချမှုတွေကို ပိုမြင်လာရလေဖြစ်မှာပဲ” လို့ CDM တပ်မတော်အရာရှိ ဗိုလ်ကြီးလင်းထက်အောင်က ပြောပါတယ်။
ရခိုင်၊ ကချင်၊ ကရင်၊ ကရင်နီစစ်မျက်နှာတွေမှာ ERO နဲ့ PDF တွေဘက်က စစ်ရှိန်မြင့်လာတာနဲ့အမျှ စစ်ကောင်စီဖက်က ဗျုဟာအလိုက်လက်နက်ချမှုတွေ၊ စခန်းစွန့်ခွာထွက်ပြေးမှုတွေသိသိသာသာ တိုးလာနေတဲ့အခြေအနေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက
ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။
အခု ထုတ်လွှင့်မယ့်မေးမြန်းချက် ဒုတိယ ပိုင်းမှာ...
- နယ်စပ်ဒေသတလျောက်မှာ စစ်ရှုံးနေတဲ့ စစ်တပ်ဟာ နေပြည်တော်မှာပြန်စုပြီး ခုခံစစ် ဆင်ဖို့ပြင်နေပြီလား...
- လက်နက်ချသူ၊ သုံ့ပန်းအဖြစ်ဖမ်းမိသူများလွန်းတဲ့အတွက် သုံ့ပန်းလဲလှယ်ရေးအစီအစဉ်တွေ ရှိလာနိုင်သလား...
- ကျဆုံး-သေဆုံး-ဖမ်းမိ များလွန်းတဲ့အတွက် အသက်အာမခံကြေး မပေးနိုင်အောင် စစ်တပ်ဖက်မှာ ပြသာနာရှိနေပြီလား...
- ERO တွေဘက်က ၁၀၀% အထိ တကယ်တိုက်ရင် စစ်တပ်ဖက်က လက်နက်ချမှု၊ လူထုနဲ့ပူးပေါင်းမှု အစုအပြုံလိုက်ဖြစ်လာနိုင်သလား...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။
0 comments:
Post a Comment