Friday, March 29, 2024

“လွယ်ဂျယ်မြို့ကို KIA ဝိုင်းဝန်းပိတ်ဆို့... ဖာပွန်မြို့ကို KNLA ဆက်လက် ထ...


“လွယ်ဂျယ်မြို့ကို KIA ဝိုင်းဝန်းပိတ်ဆို့... ဖာပွန်မြို့ကို KNLA ဆက်လက် ထိန်းချုပ်... 
နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၃၀- ၃- ၂၀၂၄)

တရုတ်-မြန်မာနယ်စပ်ရှိ ကချင်ပြည်နယ်ထဲက လွယ်ဂျယ်-နယ်စပ်ကုန်သွယ်ရေးမြို့ကို KIA ကချင်လွတ်လပ်ရေးတပ်နဲ့ မဟာမိတ်တွေက ဝိုင်းဝန်းပိတ်ဆို့ထားလိုက်ပြီလို့ ဒေသတွင်းမီဒီယာ The 74 Media က ဖေါ်ပြပါတယ်။

မတ်လ ၂၉ ရက်နေ့ မနက်ပိုင်းမှာ အခုလို ဝိုင်းထားလိုက်တာဖြစ်ပြီး စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းအားလုံး တရုတ်နိုင်ငံဖက် ထွက်ခွာဖို့ နယ်စပ်ဂိတ်မှာရောက်နေတယ်၊ တရုတ်ဖက်က နယ်စပ်ဂိတ်ဖွင့်မပေးသေးဘူးလို့ ဆိုပါတယ်။

မြို့အတွင်း တိုက်ပွဲမဖြစ်ချင်တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချဖို့ KIA ဘက်က ကမ်းလှမ်းနေတယ်လို့ KIA အရာရှိတဦးပြောတာကို ကိုးကားဖေါ်ပြပါတယ်။

မိုးမောက် - လွယ်ဂျယ်လမ်းပေါ်ရှိ ယော်ယုံစခန်းအပါအဝင် စခန်း ၆ ခုကို သိမ်းပြီးတဲ့နောက် အခု လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးမြိုံကို ထိန်းချုပ်လိုက်တာဖြစ်တယ်လို့ The 74 Media အပါဝင် ဒေသတွင်း မီဒီယာအတော်များများမှာ ဖေါ်ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကို BNN က အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းနေပေမယ့် အခုချိန်အထိ အကြောင်းပြန်ချက် မရသေးပါဘူး။

ကရင်ပြည်နယ်၊ ဖာပွန်မြို့ကို KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေက ထိန်းချုပ်လိုက်ပြီဖြစ်ပေမယ့် မြို့ပတ်လည်ရှိ စစ်ကောင်စီတပ်စခန်းတွေကို ဆက်လက်တိုက်ထုတ်ဖို့ လိုအပ်နေဆဲဖြစ်တယ်လို့ KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက BNN ကိုပြောပါတယ်။

တပ်မဟာ ၅ ဖာပွန်ဒေသအပြင် တပ်မဟာ ၆ ဖက်မှာလည်း တိုက်ပွဲတွေပြင်းထန်နေပြီး စခန်းသိမ်းပွဲတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်...

- မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်ဂိတ်ကို တော်လှန်ရေးတပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီဖက်က ၂ ဦးသေ၊ ၃ ဦးဒဏ်ရာရ...

- မ‌ကွေးတိုင်း၊ ပခုက္ကူမြို့နယ်အ‌ခြေစိုက်၊ တော်လှန်ရေးတပ်တွေရဲ့ စုဖွဲ့-လေ့ကျင့်မှုအခမ်းအနားနဲ့ လက်နက်တပ်ဆင်ပွဲတခု ကျင်းပ...

 ... စတဲ့ သတင်းတွေကို စုစည်း တင်ပြထားပါတယ်။

(KNU ပြောခွင့်ရ ပဒိုစောကလယ်စေးနဲ့ မေးမြန်းချက်အပြည့်အစုံကိုတော့ ညနေပိုင်းမှာ ထုတ်လွှင့်ပေးဖို့စီစဉ်ထားပါတယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More