Wednesday, March 27, 2024

“စိန်လုံတောင်ပေါ်က စစ်ကောင်စီစခန်းတွေကို KIA ထိုးစစ်ဆင်... ထီးကပလယ် စခန်...


“စိန်လုံတောင်ပေါ်က စစ်ကောင်စီစခန်းတွေကို KIA ထိုးစစ်ဆင်... ထီးကပလယ် စခန်းသိမ်းနိုင်ရေး KTLA က ထိုးစစ်ဆင်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၂၈- ၃- ၂၀၂၄)

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင်းရှိ စစ်ကောင်စီတပ်ခစန်း ၄ ခုကို မတ်လ ၂၆ ရက်နေ့မှာ သိမ်းပိုက်ခဲ့တယ်လို့ KIA ကချင့်လွတ်လပ်ရေးတပ် ပြောခွင့်ရက BNN ကိုပြောပါတယ်။ ဒါ့အပြင် ဆွမ်ပရာဘွမ်ဖက်မှာလည်း တိုက်ပွဲပြင်းထန်နေတယ်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒေသတွင်းမီဒီယာဖြစ်တဲ့ The 74 Media ကတော့ မိုးမောက် - လွယ်ဂျယ်လမ်းပေါ်ရှိ စိန်လုံတောင်တန်းပေါ်က စစ်ကောင်စီတပ်စခန်း ၄ ခုကို မနေ့မနက် ၇ နာရီခန့်မှာ KIA နဲ့ မဟာမိတ်တပ်တွေက တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဖေါ်ပြပါတယ်။

ဗျုဟာအရအရေးပါတဲ့ ဒီတောင်တန်းကိုသိမ်းနိုင်ရင် ဗန်းမော်နဲ့ မိုးမောက်ကို ထိန်းနိုင်ပြီလို့ဆိုပါတယ်။ လောလောဆယ်တော့ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဖက်က လေကြောင်းပစ်ကူသုံးနေတယ်လို့ ဖေါ်ပြပါတယ်။

စစ်ကောင်စီပစ်လိုက်တဲ့ လက်နက်ကြီးကျည်အတော်များများ တရုတ်နယ်စပ်ရှိ မိုင်ဂျာယန်မြို့ စာသင်ကျောင်းပေါ် ကျရောက်တဲ့အတွက် ဒေသခံတွေ ထွက်ပြေးနေရတယ်၊ လက်နက်ကြီးကျည် ၂ လုံဟာ တရုတ်နိုင်ငံ လွယ်ဂျယ်မြို့နယ်ထဲအထိ ကျရောက်ခဲ့တယ်လို့လည်း ဒေသခံတွေပြောတာကို ကိုးကားပြီး The 74 Media က ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ကရင်ပြည်နယ်၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီမြို့တောင်ဘက်ရှိ ထီးကပလယ် စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ရေး ကော်သူးလေအာမီ-KTLA နဲ့ မဟာမိတ်တွေက ထိုးစစ်ဆင်...

- ရှမ်းတောင်ဒေသ ဆီဆိုင်မြို့တွင်းနဲ့ မြို့ပတ်ဝန်းကျင်ကို စစ်ကောင်စီက တင့်ကားတွေအသုံးပြု၊ လက်နက်ကြီးနဲ့ပစ်ခတ်ပြီး ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေတယ်လို့ PNLA- သတင်းထုတ်ပြန်...

 ... စတဲ့ သတင်းတွေကို စုစည်း တင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More