Monday, March 11, 2024

“ပအိုဝ်းနီ၊ ပအိုဝ်းဖြူဆိုတာမရှိဘူး။ စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ ပအိုဝ်းအ...


“ပအိုဝ်းနီ၊ ပအိုဝ်းဖြူဆိုတာမရှိဘူး။ စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ ပအိုဝ်းအနက်တွေပဲရှိတယ်”

- ခွန်မြင့်ထွန်း  (ဥက္ကဌ - ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ - PNFC)

(၁၁-၃-၂၀၂၄)

“ဆီဆိုင်နဲ့ ဟိုပုံးမြို့နယ်အပါဝင် ပအိုဝ်းဒေသမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ စစ်ကောင်စီက ဝါဒဖြန့်နေသလို ပအိုဝ်းနီနဲ့ ပအိုဝ်းဖြူကြားက တိုက်ပွဲမဟုတ်ဘူး။ စစ်အာဏာရှင်နဲ့ စစ်အာဏာရှင်ကို တော်လှနေတဲ့ ပအိုဝ်းတော်လှန်ရေသမားတွေကြားက တိုက်ပွဲသာဖြစ်တယ်” လို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ - (PNFC) ဥက္ကဌ ခွန်မြင့်ထွန်းက ပြောပါတယ်။

ဆီဆိုင်နဲ့ ဟိုပုံးဖက်မှာ တိုက်ပွဲတွေပြင်းထန်လာနေတာ၊ အရပ်သားပစ်မှတ်တွေကို စစ်ကောင်စီဖက်က ဦးတည်တိုက်ခိုက်လာနေတာ၊ ပအိုဝ်းနီနဲ့ ပအိုဝ်းဖြူကြားက ပြသာနာအဖြစ် စစ်ကောင်စီက ပုံဖျက်နေတာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ဆီဆိုင်နဲ့ ဟိုပုံးဖက်က တိုက်ပွဲတွေ တောင်ကြီးဖက်အထိ ရောက်လာနိုင်ခြေရှိနေသလား...

- ပအိုဝ်းနီ၊ ပအိုဝ်းဖြူ ဇတ်လမ်းဟောင်းကိုသုံးပြီး စစ်ကောင်စီက ဘာကြောင့် ပုံဖျက်နေတာလဲ...

- ကာယ ကုသိုလ်အဖွဲ့တွေက ဘာကြောင့်ပြည်သူ့စစ်ဖြစ်သွားတာလဲ...

- ဖက်ဒရယ်အရေးနဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကြား ပေါင်းစည်းမှု အားအကောင်းဆုံးအနေအထားကို ရောက်နေပြီလား...

... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More