Tuesday, March 26, 2024

“ဘူးသီးတောင်မြို့ကို AA သိမ်းပိုက်... မိုးမောက်က တပ်ရင်း ၂ ခုကို KIA သိမ...


“ဘူးသီးတောင်မြို့ကို AA သိမ်းပိုက်... မိုးမောက်က တပ်ရင်း ၂ ခုကို KIA သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၂၇- ၃- ၂၀၂၄)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်အခြေစိုက် စကခ (၁၅) လက်အောက်ခံ၊ ခမရ (၅၅၂) တပ်ရင်းတခုလုံးကို မတ်လ (၂၅) ရက် နေ့လယ် (၁၂) နာရီမှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ AA  ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်ပါတယ်။

တနည်းအားဖြင့် ဘူးသီးတောင်မြို့ကို AA က သိမ်းပိုက်လိုက်တာဖြစ်ပြီး ဒါဟာ ၁၀ ခုမြောက် မြို့သိမ်းတိုက်ပွဲလည်းဖြစ်ပါတယ်။ ဒီအရင် AA က သိမ်းထားတဲ့မြို့တွေကတော့ ပလက်ဝ၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်နဲ့ အခု ဘူးသီးတောင်မြို့တွေဖြစပါတယ်။

ဒီစခန်းသိမ်းနိုင်ရေးအတွက် ဖေဖော်ဝါရီလ (၂၄) ရက်နေ့မှာ စတင်ထိုးစစ်ဆင်ခဲ့ပြီး ၃၂ ရက်အကြာမှာမှ သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီဖက်က ကြည်းတပ်အပြင် လေကြောင်းပစ်ကူနဲ့ပါ အပြင်းအထန်ခုခံနေတဲ့ကြားက အခုလို သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့အလောင်းတွေနဲ့အတူ လက်နက်ခဲယမ်းများစွာ သိမ်းမိတဲ့အပြင် လက်နက်ချအညံ့ခံသူ အချို့ကိုလည်း ဖမ်းဆီး မိထားတယ်လို့ AA က ပြောပါတယ်။ လက်နက်ချအညံ့ခံသူတွေကို AA က ကောင်းမွန်စွာစောင့်ရှောက်ထားပြီး ပလက်ဝတိုက်ပွဲကနေ အခုချိန်အထိဆိုရင် ထောင်နဲ့ချီ ရှိနေပြီလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

တချိန်တည်းမှာပဲ မောင်တောမြို့ရှိ တမန်းသား ရဲကင်းစခန်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် မတ်လ (၂၅) ရက်နေ့မှာ စစ်သားအင်အား (၁၀၀) ခန့် AA ထံ လက်နက်ချခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ 

ဒါ့အပြင်...

- ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ မြို့သစ်ကျေးရွာအနီးရှိ ခမရ ၃၈၇ နဲ့ စီဟတ်ကျေးရွာအနီးရှိ ခမရ (၃၂၀) စခန်းအပါဝင် စခန်း ၄ ခိုကို KIA နဲ့ မဟာမိတ်တွေက သိမ်းပိုက်...

- ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်မှာ စစ်မှုထမ်းဆင့်ခေါ်ရေး ဆောင်ရွက်နေတဲ့ ရဲအုပ်အဆင့်ရှိသူတဦးကို (CDF- ဟားခါး) က ဖမ်းဆီး...

- မွန်ပြည်တော်လှန်ရေးတပ် (MSRF) ရဲ့ ပထမဆုံးအကြိမ် အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပ...

 ... စတဲ့ သတင်းတွေကို စုစည်း တင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More