Friday, March 1, 2024

“မြန်မာနိုင်ငံဆိုင်ရာ မူဝါဒပြုပြင်ပြောင်းလဲရေးအတွက် အထောက်အကူဖြစ်စေဖို့ ...


“မြန်မာနိုင်ငံဆိုင်ရာ မူဝါဒပြုပြင်ပြောင်းလဲရေးအတွက် အထောက်အကူဖြစ်စေဖို့ မျှော်လင့်ပါတယ်”

- ဒေါ်ဇင်မာအောင် (နိုင်ငံခြားရေးဝန်ကြီး - အမျိုးသားညီညွတ်ရေးအစိုးရ)

(၂- ၂- ၂၀၂၄)

“ဒီနေ့ ထိုင်းပါလီမန်မှာပြုလုပ်မယ့် မြန်မာ့အရေးဆွေးနွေးပွဲကနေ မြန်မာနိုင်ငံဆိုင်ရာမူဝါဒပြုပြင်ပြောင်းလဲရေးအတွက် အထောက်အကူဖြစ်စေဖို့မျှော်လင့်တယ်။ စစ်မှူထမ်းဥပဒေကြောင့် မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကိုထွက်ပြေးလာကြတဲ့လူငယ်တွေကို အတင်းအကျပ်ပြန်ပို့တာမျိုးမလုပ်ဖို့ ထိုင်းအစိုးရကို မေတ္တာရပ်ခံထားတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

ထိုင်းပါလီမန်မှာ (မကြာခင် နာရီပိုင်းအတွင်း) စနေ-တနင်္ဂနွေ ၂ ရက်တာဆွေးနွေးမယ့် မြန်မာ့အရေးဆွေးနွေးပွဲမှာ ဒီမိုကရေစီအင်အားစုတွေက ဘာတွေတင်ပြမှာလဲ၊ ထောင်-သောင်းချီထွက်ပြေးလာနေတဲ့ လူငယ်တွေကို ထိုင်းအစိုးရက ဘယ်လိုကိုင်တွယ်စေချင်သလဲ၊ NUG က ကော ဘာတွေကူညီပေးနိုင်မလဲ...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် နိုင်ငံခြားရေးဝန်ကြီးက အဲဒီလိုဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ...

- မကြာသေးခင်ကသွားခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးရဲ့ ဥရောပခရီးစဉ်၊ အမေရိကားခရီးစဉ်တွေမှာ ဘယ်လိုအောင်မြင်မှုတွေရရှိခဲ့သလဲ...

- ထိုင်းပါလီမန်ကနေ မြန်မာ့ဒီမိုကရေစီအင်အားစုတွေကို ဖိတ်ခေါ်ဆွေးနွေးခြင်းဟာ ထိုင်းအစိုးရ မူဝါပြောင်းလဲလာခြင်းလား...

- စစ်မှူထမ်းဥပဒေကြောင့် ထောင်-သောင်းချီထွက်ပြေးလာနေတဲ့ မြန်မာလူငယ်တွေကို ထိုင်းအစိုးရက ဖမ်းဆီးပြန်ပို့တာမျိုးမလုပ်အောင် NUG က ဘာတွေဆောင်ရွက်ထားသလဲ...

...စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နွေဦးတော်လှန်ရေး ၃ နှစ်ကျော်လာချိန်မှာ စစ်ကောင်စီအနေအထားက တကယ့်ကျဆုံးခန်းရောက်နေပြီလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More