“ERO တွေ အတော်လေး စုံစုံညီညီတော်လှန်ရေးထဲပြန်ပါလာတာကိုတွေ့ရတယ်၊ ၁၀၀% ပြည့်ဖို့တော့ နည်းနည်းလိုနေသေးတယ်”
- ပဒိုစောကလယ်စေး (ပြောခွင့်ရပုဂ္ဂိုလ် - KNU)
(၃၀- ၃- ၂၀၂၄)
“တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ အတော်လေးစုံစုံညီညီတော်လှန်ရေးထဲ ပြန်ပါလာတာတွေရတယ်။ ၁၀၀% ပြည့်ဖို့တော့ နည်းနည်းလိုသေးတယ်။ ဒါပေမယ့် အချိန်တန်ရင် အားလုံးပါလာလိမ့်မယ်လို့ မျှော်လင့်တယ်” လို့ ကရင့်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောကလယ်စေးက ပြောပါတယ်။
ကရင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲတွေရဲ့အခြေအနေ၊ BGF တပ်တွေရပ်တည်ချက်ပြောင်းလဲမှု၊ NCA အဖွဲ့တွေ တော်လှန်ရေးထဲပါလာနေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။
အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...
- ဖာပွန်မြို့ကို ထိန်းချုပ်ထားမှုအပါဝင် လက်ရှိတိုက်ပွဲအခြေအနေ...
- BGF ရပ်တည်ချက်ပြောင်းမှုက တော်လှန်ရေးကို ပိုအရှိန်ကောင်းလာစေသလား...
- ရခိုင်၊ ကချင်၊ ကရင်နီ၊ ကရင် စသဖြင့် ERO ဒေသအသီးသီးရဲ့ တိုက်ပွဲတွေကို ဟန်ချက်ညီ-တပြိုင်တည်းဖြစ်အောင် ဘယ်လိုဆောင်ရွက်သင့်သလဲ...
- စစ်ရှုံးနေတဲ့ စစ်ကောင်စီက လမ်းကြောင်းသစ်မရှာပဲ ၁၀၀% ရှုံးတဲ့အထိ ဆက်တိုက်ဖို့ပြင်ဆင်နေပြီလား...
- နယ်စပ်ဖြတ်ကျော် လူသားစာနာ အကူအညီတွေ တကယ်လိုအပ်နေတဲ့သူတွေဆီ တိုက်ရိုက်ရောက်အောင် ဘယ်လိုဆောင်ရွက်သင့်သလဲ...
...စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)
0 comments:
Post a Comment