Sunday, March 24, 2024

“မိုးမောက်နဲ့ မံစီက တပ်ရင်း ၂ ခုကို KIA သိမ်းပိုက်... ဖားဆောင်းတိုက်ပွဲမ...


“မိုးမောက်နဲ့ မံစီက တပ်ရင်း ၂ ခုကို KIA သိမ်းပိုက်... ဖားဆောင်းတိုက်ပွဲမှာ စစ်ကောင်စီအထိနာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၂၄- ၃- ၂၀၂၄)

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်နဲ့ မံစီမြိုနယ်ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ် ၂ ခုကို မတ်လ ၂၃ မှာ ထပ်မံသိမ်းပိုက်လိုက်တယ်လို့ KIA ကချင်လွတ်လပ်ရေးတပ် ပြောခွင့်ရက BNN ကိုပြောပါတယ်။ 

မိုးမောက်က လက်နက်ကြီးတပ်ရင်း အမတ-၂၇၀ ကို အပြင်းထန်တိုက်ခဲ့ရပေမယ့် မံစီက မိုင်းခေါင်ကျေးရွာရှိ ခ.လ.ရ (၁၂၁) ကတော့ ဝင်မတိုက်ခင် ထွက်ပြေးသွားတယ်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒါဟာ ၃ ရက်လောက်အတွင်း လိုင်ဇာအနီးက ဗျုဟာကုန်း ၂ ခု၊ တပ်ရင်းဌာနချုပ် ၄ ခုကို ဆက်တိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ မတ်လ ၇ ရက်မှာစတင်ခဲ့တဲ့ ၀၃၀၇ စစ်ဆင်ရေးအတွင်း သိမ်းမိစခန်း ၄၀ အထိရှိနေပြီလို့လည်း ဗိုလ်မှူးကြီးကပြောပါတယ်။ ဒါပေမယ့် စစ်ကောင်စီဖက်က အကျအဆုံးနဲ့ သိမ်းမိလက်နက်တွေကိုတော့ ဗိုလ်မှူးကြီးက ထုတ်မပြောခဲ့ပါဘူး။

ဒ့ါအပြင်...

- ကရင်နီပြည်နယ်၊ ဖားဆောင်းဖက်ကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကရင်နီပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီဖက်က ၁၅ ဦးသေဆုံးပြီး လက်နက် ၅ လက်သိမ်းမိ...

- မွန်ပြည်နယ်နဲ့ တနသာ်ရီတိုင်းအစပ်ဒေသရှိ မလွဲတောင်ဂိတ်စခန်းနဲ့ မင်းသားကျေးရွာ ပျု-စစ်တပ် ပူးပေါင်းစခန်းကို ဒေသခံ တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက် ရှင်းလင်း...

... စတဲ့ သတင်းတွေကို စုစည်း တင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More