Wednesday, March 27, 2024

“လက်နက်မဟုတ်တဲ့ အကူအညီက ၂၅ သန်း၊ နယ်စပ်ဖြတ် လူသားစာနာ အကူအညီက ၇၅ သန်းဆို...


“လက်နက်မဟုတ်တဲ့ အကူအညီက ၂၅ သန်း၊ နယ်စပ်ဖြတ် လူသားစာနာ အကူအညီက ၇၅ သန်းဆိုပြီးပါတယ်”

- ဦးကျော်ဇော (သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် - NUG)

(၂၇- ၃- ၂၀၂၄)

“Burma Act အရ အကူအညီပေးမယ့်ထဲမှာ လက်နက်မဟုတ်တဲ့ နည်းပညာအကူအညီက ၂၅ သန်း၊ စစ်ဘေးရှောင်တွေအတွက် နယ်စပ်ဖြတ်ကျော်ပေးမယ့် လူသားစာနာ အကူအညီက ၇၅ သန်းပါတယ်။ CDM နဲ့ အခြားကိစ္စတွေအတွက်က ၂၁ သန်းဝန်းကျင်ဖြစ်မယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇောက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာ အမေရိကန်အစိုးရက အတည်ပြုပေးလိုက်တဲ့ မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁၂၁ သန်းအကူအညီနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- အမေရိကန်ကပေးမယ့် ဒေါ်လာ ၁၂၁ သန်းကို ဘယ်သူတွေရနိုင်သလဲ...

- လက်နက်မဟုတ်တဲ့ နည်းပညာအကူအညီဆိုတာ ဘာတွေလဲ...

- အမေရိကန်ရဲ့နယ်စပ်ဖြတ်ကျော်အကူအညီမလာခင် ထိုင်းနိုင်ငံက စတင်လိုက်တဲ့ နယ်စပ်ဖြတ်ကျော်အကူအညီ ရှေ့ပြေးလုပ်ငန်းစဉ် ဘယ်လိုအခြေအနေရှိသလဲ...

- ဒီလိုအကူအညီတိုးရလာခြင်းက နွေဦးတော်လှန်ရေးကို နိုင်ငံတကာက အားပေးထောက်ခံမှု တိုးလာခြင်းရဲ့ သင်္ကေတလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More