Tuesday, March 5, 2024

“သမိုင်းမှာ အဆိုးဆုံးအခြေအနေကို စစ်ကောင်စီ ရောက်နေတာဖြစ်တယ်”


“သမိုင်းမှာ အဆိုးဆုံးအခြေအနေကို စစ်ကောင်စီ ရောက်နေတာဖြစ်တယ်”

- ဒေါ်ဇင်မာအောင် (ပြည်ထောင်စုဝန်ကြီး - နိုင်ငံခြားရေးဝန်ကြီးဌာန - NUG)

(၅- ၃- ၂၀၂၄)

“တပ်မတော်သမိုင်းမှာပဲဖြစ်ဖြစ်၊ အာဏာသိမ်း စစ်ခေါင်းဆောင်ပိုင်းသမိုင်းမှာပဲဖြစ်ဖြစ် လက်ရှိ စစ်ကောင်စီနဲ့ စစ်ခေါင်းဆောင်အခြေအနေဟာ သမိုင်းတလျောက်အဆိုးဆုံးအနေအထားမှာရောက်နေတယ်။ ဒီလိုအခြေအနေမှာ စစ်ကောင်စီပြိုကျအောင် အရှိန်မြှင့်ဆောင်ရွက်ဖို့လိုတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကပြောပါတယ်။

နွေဦးတော်လှန်ရေး ၃ နှစ်တာအတွင်း ခရီးဘယ်လောက်ရောက်နေပြီလဲ၊ စစ်ကောင်စီပြုတ်ကျရေး ဘယ်လောက်နီးလာပြီလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် နိုင်ငံခြားရေးဝန်ကြီးက ဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- ထိုင်းကိုထွက်ပြေးလာမယ့် မြန်မာလူငယ်တွေအတွက် NUG က ဘာတွေဆောင်ရွက်ပေးနိုင်မလဲ...

- ဖက်ဒရယ်မူနဲ့ပတ်သက်ပြီး NUG နဲ့ ERO တွေကြားမှာ ဘယ်လောက်အထိ အခိုင်အမာ သဘောတူချက်ရထားပြီးပြီလဲ...

- တော်လှန်ရေး ၃ နှစ်တာအတွင်း စစ်ကောင်စီအခြေအနေအထား ဘယ်လောက်အထိ ပြိုကျနေပြီလဲ...

...စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More