Wednesday, March 20, 2024

“နမ်ဂေါန်စခန်းကို KIA သိမ်းပိုက်... မဲသရောထစခန်းကို KNLA သိမ်းပိုက်... န...


“နမ်ဂေါန်စခန်းကို KIA သိမ်းပိုက်... မဲသရောထစခန်းကို KNLA သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၂၁- ၃- ၂၀၂၄)

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ နမ်ဂေါန်ကျေးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းတခုကို မတ်လ ၁၉ ရက်နေ့ ည ၈ နာရီခန့်မှာ သိမ်းပိုက်လိုက်တယ်လို့ KIA ကချင်လွတ်လပ်ရေးတပ် ပြောခွင့်ရက BNN ကို ပြောပါတယ်။ ဒီစခန်းပါ ပေါင်းရင် (၀၃၀၇) စစ်ဆင်ရေးအတွင်း သိမ်းမိတဲ့ ခစန်း ၃၀ နီးပါးရှိနေပြီလို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

မနေ့ညနေပိုင်းက ထပ်ဝင်လာတဲ့သတင်းတွေအရ လိုင်ဇာဝန်းကျင်မှာ ကျန်နေတဲ့ စခန်းတွေထဲက နာဖော့စခန်းကို KIA က သိမ်းလိုက်ပြီလို့သတင်းတွေထွက်ပေါ်နေပေမယ့် ဗိုလ်မှူးကြီးက အတည်ပြုချက်ပေးဖို့ငြင်းဆိုပြီး တိုက်ပွဲတွေဖြစ်နေဆဲလို့သာ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနကတော့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ KIA ကချင်လွတ်လပ်ရေးတပ် စစ်ဦးစီးချုပ် (အမှတ် ၁ စစ်ဒေသမှူး) ဒု-ဗိုလ်ချုပ်ကြီးခေါင်လွန်း (R Hkawng Lum) တို့ဟာ မကြာသေးခင်ကမှ သိမ်းပိုက်လိုက်တဲ့ ဘွမ်ရေဘွမ့် (Bumre Bum) ပွိုင့် ၇၇၁ စခန်းကို မတ်လ ၂၀ ရက်နေ့မှာ သွားရောက် စစ်ဆေးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဘွမ်ရေဘွမ့် (Bumre Bum) စခန်းဟာ စစ်ကောင်စီရဲ့ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ပွိုင့် ၇၇၁ မဆုတ်တမ်း အရေးကြီး ခံစစ်စခန်းဖြစ်ပြီး မတ်လ (၁၅) ရက်နေ့မှာ ကချင်လွတ်လပ်ရေးတပ် (KIA) ဦးဆောင်တဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေက သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင်...

- ကရင်ပြည်နယ်၊ ကျိုက်ဒုံမြို့နယ်ရှိ မဲသရောထ-စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက် ၆၀ ကျော်သိမ်းမိပြီး စစ်ကောင်စီတပ်သား ၅၀ ခန့် ထိုင်းနိုင်ငံဖက် ထွက်ပြေးသွား...

- မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမ-စက်တွင်းကနေ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဒေသခံ PDF တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် စစ်သား ၃ ဦးသေဆုံးပြီး လက်နက်ငယ် ၂ လက်သိမ်းမိ...

- မကွေးတိုင်း၊ ယောဒေသအခြေစိုက် ABSDF (ကျောင်းသားတပ်မတော်)၊ အမှတ် ၃ စစ်ကြောင်း၊ တပ်ရင်း ၁၂ မှာ အခြေခံစစ်သင်တန်း ဆင်းပွဲကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်း တင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More