Thursday, March 28, 2024

“နပခ စစ်ဌာနချုပ် အမ်းမြို့နယ်အထိ AA က ဝင်တိုက်... ဖာပွန်မြို့ကို KNLA ထိ...


“နပခ စစ်ဌာနချုပ် အမ်းမြို့နယ်အထိ AA က ဝင်တိုက်... ဖာပွန်မြို့ကို KNLA ထိန်းချုပ်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၂၉ -၃- ၂၀၂၄)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ တောင်ဘဇာ- စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၅ မှာ သိမ်းပိုက်လိုက်ပြီလို့ AA ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်ပါတယ်။

စခန်းမသိမ်းခင် မနက်ပိုင်းတုန်းကတော့ ဘူးသီးတောင်-မောင်တောလမ်းပေါ်ရှိ ဘူးသီးတောင်ဗျူဟာလက်အောက်ခံ၊ ခလရ (၂၃၄) တပ်ရင်းက အင်အား (၅၀) ခန့်ရှိစစ်ကြောင်းနဲ့ AA တို့အကြား တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဖက်က ၈ ဦးသေတယ်လို့ဆိုပါတယ်။

ဒါ့အပြင် စစ်ပွဲဟာ အခုဆိုရင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာ အမ်းမြို့နယ်အတွင်းထိရောက်လာနေပြီး လုံးကျေးရွာမှာ မတ်လ ၂၆ ရက်နေ့က ခမရ ၃၄၆ တပ်တွေနဲ့ AA တပ်တွေကြား မိနစ် ၃၀ ကြာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ AA က ပြောပါတယ်။

စစ်ကောင်စီဖက်က ဒရုန်းတွေ၊ လေကြောင်းပစ်ကူတွေ၊ လက်နက်ကြီးပစ်ကူအများအပြားသုံးတဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဖက်က ၁၅ ဦးသေ၊ အလောင်းတွေနဲ့ လက်နက်ခဲယမ်းများစွာ သိမ်းမိတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

နောက်ထပ် ထူးခြားချက်ကတော့ စစ်ပွဲဟာ ရခိုင်ပြည်နယ်ကိုကျော်ပြီး၊ မကွေးတိုင်း၊ ငဖဲမြို့နယ်အထိဖြစ်နေပြီ၊ မတ်လ ၂၆ ရက်နေ့က ငဖဲမြို့နယ်- တုံးကြီးကျေးရွာဝန်းကျင်မှာ စစ်ကောင်စီအင်အား ၄၀ ခန့်နဲ့ AA တို့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဖက်က ၄ ဦးသေပြီး ၈ ဦးခန့်ဒဏ်ရာရတယ်လို့ AA က ပြောပါတယ်။

ဒါ့အပြင် မတ်လ ၂၈ ရက်လကည်း ငဖဲမြို့နယ်၊ ချောင်းဖျားရွာဝန်းကျင်မှာ အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီတပ်နဲ့ AA တို့တိုက်ပွဲထပ်ဖြစ်ပြီး စစ်ကောင်စီဖက်က ၆ ဦးသေ၊ ၁၀ ဦးခန့် ဒဏ်ရာရကာ လက်နက်အချို့သိမ်းမိတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

တချိန်တည်းမှာပဲ မောင်တောမြို့နယ်ရှိ  ကြိမ်ချောင်း-နယ်ခြားစောင့်တပ်စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက် AA က ထိုးစစ်အရှိန်မြှင့်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ကရင်ပြည်နယ်မှာတော့ ဖာပွန်မြို့ကို KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေက ထိန်းချုပ်လိုက်ပြီလို့ KIC - Karen Information Center က ဖေါ်ပြပါတယ်။

မတ်လ ၂၈ ရက်နေ့မှာ အခုလိုထိန်းချုပ်လိုက်တာဖြစ်ပြီး မြို့တွင်းရှိ စစ်ကောင်စီတပ်တွေအားလုံး မြို့ပြင်ရှိ မယ်တရိုး စစ်ဗျူဟာကုန်းနဲ့ တပ်ရင်း (၁၉)စခန်းဖက် ပြန်ဆုတ်သွားတယ်လို့ မူတြော်ခရိုင်/ KNLA အမှတ် (၅) တပ်မဟာ အရာရှိတဦးပြောပါတယ်။

ဒါ့အပြင်...

- ကချင်ပြည်နယ်မှာလည်း မိုးမောက်-လွယ်ဂျယ်လမ်းပေါ်ရှိ ဗျုဟာအရအရေးပါတဲ့ ယော်ယုံတောင် တပ်စခန်းအပါအဝင် စခန်း ၆ ခုကို မတ်လ ၂၇ မှာ KIA ကချင်လွတ်လပ်ရေးတပ်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက သိမ်းပိုက်...

- မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာကို ဂျိုင်းမြစ်အတွင်းရှိ စစ်ကောင်စီ ရေတပ်က လက်နက်ကြီးနဲ့ပစ်တဲ့အတွက် နေအိမ် ၃၀၀ ခန့် မီးလောင်...

 ... စတဲ့ သတင်းတွေကို စုစည်း တင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More