Friday, March 22, 2024

“လက်နက်ကြီးတပ်ရင်းအပါဝင် စခန်း ၄ ခုကို KIA သိမ်းပိုက်... ဖယ်ခုံဆေးရုံကို...


“လက်နက်ကြီးတပ်ရင်းအပါဝင် စခန်း ၄ ခုကို KIA သိမ်းပိုက်... ဖယ်ခုံဆေးရုံကို စစ်တပ်က ဗုံးကြဲ... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၂၃- ၃- ၂၀၂၄)

လိုင်ဇာဌာနချုပ်အနီးရှိ ဗျုဟာကုန်း ၂ ခုနဲ့ မိုးမောက်မြို့နယ်တွင်းရှိ တပ်ရင်းဌာနချုပ် ၂ ခုအပါဝင် အနည်းဆုံးစခန်းကြီး ၄ ခုကို မတ်လ ၂၁ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIA ကချင်လွတ်လပ်ရေးတပ် ပြောခွင့်ရက BNN ကိုပြောပါတယ်။ 

လိုင်ဇာနဲ့နီးတဲ့စခန်းတွေဟာ ဗျုဟာအရအရေးကြီးပြီး မိုးမောက်ကစခန်း ၂ ခုကလည်း ဒေသတွင်းအရေးပါတဲ့ တပ်ရင်းဌာနချုပ်တွေဖြစ်တယ်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

မနေ့ကတော့တိုက်ပွဲကြီးမရှိပဲ နာဖော့စခန်းကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်တွေကို လိုက်လံရှာဖွေချေမှုန်းနေတယ်လို့ ဗိုလ်မှူးကြီးကပြောပါတယ်။

ဒေသတွင်းမီဒီယာဖြစ်တဲ့ The 74 Media ကတော့ နောက်ထပ် အမြောက်တပ်ရင်းတခုဖြစ်တဲ့ အမှတ် ၃၇၀ တပ်ကို KIA နဲ့ မဟာမိတ်တွေက ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ ဖေါ်ပြပါတယ်။ မတ်လ ၇ ရက်မှာစတင်ခဲ့တဲ့ ၀၃၀၇ စစ်ဆင်ရေးအတွင်း KIA နဲ့ မဟာမိတ်တွေက သိမ်းပိုက်တဲ့ခစန်းပေါင်း ၃၀ ကျော်၊ ၄၀ နီးပါးရှိနေပြီဖြစ်ပါတယ်။

ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာ ဆေးရုံကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် ဆေးဝန်ထမ်း ၂ ဦးသေဆုံးပြီး အရပ်သား ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင်...

- ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲနဲ့ စစ်ကောင်စီ ဂျက်လေယာဉ်က တိုက်နယ် အမှတ် ၁ ကို ဗုံးလာကြဲသွားတဲ့အပြင် စက်သေနတ်နဲ့ပါ ပစ်ခတ်တဲ့အတွက် အနည်းဆုံး အရပ်သားတဦးသေဆုံး...

- ရှမ်းတောင်ဒေသ ဆီဆိုင်မြို့ကို စစ်ကောင်စီ ဗုံးအလုံး ၁၀၀ ကျော်အထိ ကြဲချတဲ့အတွက် ထိခိုက်ပျက်စီးမှုများ...

... စတဲ့ သတင်းတွေကို စုစည်း တင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More