“သေနတ်တွေပဲရှိပြီး စိတ်ဓာတ်မရှိရင်လည်း ရှုံးမှာပဲ၊ လက်နက်ချမှာပဲ”
- လင်းထက်အောင် (CDM - တပ်မတော်အရာရှိ)
(၁၉ -၃- ၂၀၂၄)
“သူတို့မှာ သေနတ်တွေသာရှိတယ်၊ ဒီသေနတ်တွေကို ပစ်ခတ်နိုင်တဲ့ စိတ်ဓာတ်တွေ မရှိတော့တဲ့အခါမှာ ရှုံးမှာပဲ၊ လက်နက်ချမှုတွေ ဆက်တိုက်ဖြစ်လာမှာပဲ” လို့ CDM - တပ်မတော်အရာရှိ ဗိုလ်ကြီးလင်းထက်အောင်က ပြောပါတယ်။
ရခိုင်၊ ကချင်၊ ကရင်စစ်မျက်နှာတွေမှာ စစ်ကောင်စီဖက်က အကျအဆုံးများပြီး ရာနဲ့ချီ အလံဖြူထောင်လက်နက်ချတာတွေ၊ စခန်းစွန့်ခွာထွက်ပြေးနေတာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။
အခု ထုတ်လွှင့်မယ့်မေးမြန်းချက် ပထမ ပိုင်းမှာ...
- ကျိုက်ဒုံက စစ်ဗျုဟာမှူး အလံဖြူထောင်လိုက်ရခြင်းက နယ်ခြားစောင့်တပ်တွေ ဘက်ပြောင်းသွားတာနဲ့ ဆက်စပ်မှုရှိနိုင်သလား...
- ကြည်း- ရေ - လေ ၃ မျိုးစလုံးသုံးပြီး အပြင်းအထန်တိုက်နေတဲ့ကြားက ရခိုင်စစ်မျက်နှာမှာ စစ်ကောင်စီ မရှုမလှ ရှုံးနေတာ ဘာကြောင့်လဲ...
- KIA ရဲ့ ၀၃၀၇ စစ်ဆင်ရေးက ၁၀၂၇ လိုပဲ အားကောင်းလာနိုင်သလား...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(ဒီလောက်အကျအဆုံးများနေတဲ့ စစ်တပ်ကို စစ်မှူထမ်းဥပဒေနဲ့ နလန်ထူအောင် ပြန်လုပ်နိုင်ခြေရှိသေးရဲ့လား... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။
0 comments:
Post a Comment