Tuesday, March 26, 2024

“နှစ် ၇၀ ကျော်အတွင်း ပထမဆုံးအကြိမ် ညနေပိုင်းကို ပြောင်းလုပ်ရတယ်ဆိုကတည်းက...


“နှစ် ၇၀ ကျော်အတွင်း ပထမဆုံးအကြိမ် ညနေပိုင်းကို ပြောင်းလုပ်ရတယ်ဆိုကတည်းက လုံခြုံရေးအခြေအနေကို မှန်းလို့ရပါတယ်”

- ဗိုလ်ကြီးဟောင်း နေမျိုးဇင် (ဘက်ပြောင်းရေးအစီအမံကော်မီတီ - IEC)

(၂၆- ၃- ၂၀၂၄)

“ဖက်ဆစ်တော်လှန်ရေးနေ့အခမ်းအနားကို နှစ်စဉ် မတ်လ ၂၇ မနက်စောစောမှာကျင်းပနေကြဖြစ်ပေမယ့် ဒီနှစ်မှထူးထူးခြားခြား ညနေပိုင်းကျင်းပမယ်လို့ကြေညာလိုက်တာဟာ နေပြည်တော်မှာလုံခြုံရေးအခြေအနေမကောင်းဘူး။ တနည်းအားဖြင့် စစ်ခေါင်းဆောင်တွေရဲ့ အနာဂတ်အခြေအနေမကောင်းဘူးဆိုတာကို မှန်းဆလို့ရနိုင်ပါတယ်” လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ဘက်ပြောင်းရေးအစီအမံကော်မီတီ ညွန်ကြားရေးမှူး ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ပြောပါတယ်။

မနက်ဖန်ကျင်းပမယ့် ၇၉ ကြိမ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့အခမ်းအနားမှာ ဘယ်လိုထူးခြားချက်တွေ တွေ့ရနိုင်သလဲ၊ လက်ရှိ စစ်တပ်ရဲ့ အနေအထားက ဘယ်အချိန်လောက်မှာ လုံဝပြိုကျသွားနိုင်သလဲ...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...

- မနက်ဖန်ကျင်းပမယ့် ဖက်ဆစ်တော်လှန်ရေးနေ့မှာ ဘယ်လိုထူးခြားချက်တွေ မြင်ရနိုင်သလဲ...

- စစ်တပ်အတွင်း အုပ်စုအလိုက်အားပြိုုင်မှုတွေ၊ အချင်းချင်း ပွတ်တိုက်မှုတွေ ဘယ်လိုရှိနေသလဲ...

- ရှေ့တန်းဒေသအသီးသီးက တိုက်ပွဲကျဆုံးမှု၊ လက်နက်ချမှု၊ ဘက်ပြောင်းမှုတွေက ဘယ်လောက်အထိများလာနေသလဲ...

- ရှေ့တန်းမှာ ပြိုကျမှုအတော်ဆိုးနေပေမယ့် နေပြည်တော် စစ်ရုံးချုပ်မပြိုသေးတာ ဘာကြောင့်လဲ...

- အိမ်နီးချင်းနိုင်ငံတွေက ERO, PDF တွေနဲ့ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်လိုက်ရင် စစ်ကောင်စီအနေအထား ဘယ်လိုဖြစ်သွားနိုင်သလဲ...

... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More